ဂျွန် ညနေပိုင်း အိပ်ရာနိုးတော့ ရေချိုးကာ jihoပေးတဲ့အဝတ်အစားများလဲပြီး စတိုးဆိုင်
ထဲ ဝင်လာခဲ့သည်။ နာရီကြည့်တော့ ၅နာရီပင်
ရှိပြီဖြစ်သည်။ ဂျွန် jihoကို နှုတ်ဆက်ပြီး ခေါက်ဆွဲဘူးတစ်ဘူးယူကာ ရေနွေးထည့်ပြီး
ဆိုင်အပြင်ဘက်ရှိစားပွဲသို့ထွက်လာခဲ့သည်။ ခဏနေတော့ jihoပါ ဂျွန်ရှိရာ အပြင်ဘက်
စားပွဲသို့ လိုက်ထွက်လာကာ နှစ်ယောက်သားစကားလက်ဆုံကျနေခဲ့သည်။ ဂျွန် ခေါက်ဆွဲစားလိုက် jihoပြောတာနားထောင်လိုက်ဖြင့် အလုပ်ရှုပ်နေခဲ့သည်။"jiho hyung ပြန်ရင်ပြန်တော့လေ ဆိုင်ကို
ဂျွန်ကြည့်ထားလိုက်တော့မယ်"jihoက ခေါင်းရမ်းလိုက်ပြီး
"hyung မပြန်သေးပါဘူး အိမ်ပြန်တော့လည်း
ကိုတစ်ယောက်တည်းဖြစ်နေမှာ ဘာတုန်း
ဂျွန်က ပြန်စေချင်လို့လား ကိုနဲ့စကားပြောတာ
မပျော်ဘူးလား ကိုနဲ့စကားပြောတာ ဂျွန်ပျင်းနေလို့လား"jiho စိတ်ဆိုးချင်ယောင်ဆောင်ပြီး နှုတ်ခမ်းဆူထားတော့ ဂျွန် ကလေးဆန်နေတဲ့ သူ့hyungကို ကြည့်ပြီး တခစ်ခစ်ရယ်လိုက်မိသည်။ ဂျွန်
ခေါင်းရမ်းပြလိုက်ပြီး"အဲ့လိုမဟုတ်ပါဘူး hyung အိမ်ပြန်နောက်ကျမှာစိုးလို့ပါ hyungနဲ့စကားပြောတာ မပျင်းပါဘူး
ရယ်ရလွန်းလို့ ဂျွန့်ပါးစပ်တောင် ပြန်စိမရတော့ဘူး ဒီမှာတွေ့လား”ဂျွန်က သူရဲ့ညီညာနေတဲ့သွားတွေပေါ်သည်အထိ ရယ်ပြသည်ကိုကြည့်ပြီး jiho ပြုံးလိုက်မိသည်။
"KIM NAMJOON"
ဂျွန်ကျောဘက်ဆီမှ ရုတ်တရက်ကြားလိုက်ရတဲ့
ခက်ထန်သော အသံကြောင့် ဂျွန်ကိုယ်လေး
တွန့်ခနဲဖြစ်သွားသည်။ ဂျွန် ပါးစပ်ထဲ ရောက်
လုနီးနီးဖြစ်နေသော ခေါက်ဆွဲပင် ခေါက်ဆွဲဘူးထဲ ပြန်ကျသွားရသည်။ ဂျွန့်မျက်နှာတစ်ခုလုံး သွေးမရှိတော့သည့်အလား ဖြူဖျော့သွားကာ
ထိုအသံပိုင်ရှင်ကို မကြည့်နိုင်ပဲ ဂျွန့်ရင်တွေ
ထိန်းမရအောင်ခုန်လာကာ ဘာလုပ်ရမည်မှန်း
မစဥ်းစားတတ်တော့။ jiho ဂျွန့်ပုံစံကို ကြည့်ပြီး နေရာမှ ထကာ"ဂျွန် ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား"
"အာ့…”jiho လက်က ဂျွန့်ဆီမရောက်ခင် နောက်ကနေ
ဂျွန့်လက်မောင်းကို စောင့်ဆွဲလိုက်သောကြောင့် ဂျွန့်ခန္ဓာကိုယ်လေး မာကြောနေတဲ့ ရင်ဘတ်ထဲ
ရောက်သွားရသည်။ ဂျွန့်လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသော jkလက်ကြောင့်
ဂျွန့်မျက်နှာက ငိုမလိုပင်ဖြစ်နေသည်။ ဂျွန်ထိုင်နေသော ထိုင်ခုံရော စားနေတဲ့ ခေါက်ဆွဲဘူးပါ မြေပြင်၌ ဖရိုဖရဲဖြင့် ကျသွားရသည်။ jihoက ထပ်ပြီး ဂျွန့်ကို လှမ်းဆွဲဖို့ပြင်တော့ jkက jihoလက်ကို ပုတ်ထုတ်လိုက်ပြီး