မနက်ခင်း ဆိုင်ကို hoseokရောက်တော့
"morning နမ်ဂျွန်"
"morning hyung ဒီမှာ မနေ့ညက ဝင်ငွေ”ဂျွန် hoseokကို စာရင်းပေးပြီးတော့ နားနေခန်းထဲဝင်ကာ အဝတ်အစားလဲပြီး ပြန်ထွက်လာခဲ့သည်။ ဂျွန် အပြင်ရောက်တော့
"နမ်ဂျွန် နောက်ထပ်မင်းပိုက်ဆံစိုက်ပြီး
မုန့်ပေးလိုက်ပြန်ပြီလား"
"ဟုတ် ဂျွန့်ရဲ့လစာထဲက ပြန်ဖြတ်ထားလိုက် hyung ဂျွန်ပြန်ပြီ"ဂျွန် hsပြောတာမစောင့်တော့ဘဲ ထွက်လာခဲ့သည်။ hs နမ်ဂျွန်ရဲ့ကျောပြင်ကို ကြည့်ရင်းသက်ပြင်းချလိုက်သည်။ ဂျွန်ကို သူများတွေမပေးစေချင်၍မဟုတ်။ နမ်ဂျွန်က မတတ်နိုင်တဲ့သူတွေစျေးလာဝယ်လျှင် ပိုက်ဆံမယူဘဲ သူ့ပိုက်ဆံစိုက်ကာ ပေးပေးလွှတ်တတ်သည်။
ကြည့်လိုက်ရင် ဘာခံစားချက်မှမရှိဘူးလို့ထင်ရတဲ့ဂျွန်က ဒီလိုစိတ်လေးရှိလို့ ဝမ်းသာသော်လည်း အမြဲတမ်းနီးနီးကြီးကျတော့ hoseokမကြိုက်တော့ပေ။ ဂျွန့်ပုံက ထမင်းရောစားရဲ့လားမသိ။ ကြာလေပိုပို ပိန်လာသည်။
hoseok ဂျွန့်အတွက်စိတ်ပူမိသော်လည်း ဂျွန်က ဘာမှအကူအညီမယူ၍ hoseok ကြည့်နေရုံပဲ
ကြည့်နိုင်သည်။ စျေးဝယ်သူလာ၍ hoseokအတွေးများပြတ်သွားကာ စျေးဆိုင်ကိုသာ အာရုံစိုက်နေမိသည်။ဂျွန် အိမ်သို့လမ်းလျှောက်ပြန်လာရင်း ဖုန်းက massageဝင်လာတော့ jiminဆီကဖြစ်နေသည်။
ဂျွန် ခေါင်းရမ်းကာ သက်ပြင်းချလိုက်မိသည်။ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ဂျွန်ပြန်မတွေ့ချင်သေးပေ။jiminနဲ့taeက ဂျွန်ငယ်ငယ်လေးတည်းက
ခင်လာတဲ့သူငယ်ချင်းတွေဖြစ်သော်လည်း
ဂျွန်အကုန်လုံးနဲ့အဆက်ဖြတ်လာတာ ကြာပြီဖြစ်သည်။ဂျွန်လမ်းလျှောက်ရင်း တစ်ယောက်ယောက်က ဂျွန့်ကို စိုက်ကြည့်နေတယ်လို့ ခံစားမိသည်။ ဂျွန်အဲ့လိုခံစားနေရသည်မှာ တစ်ပတ်ကျော်ပင်ရှိပြီဖြစ်သည်။ နောက်လှည့်ကြည့်လိုက်တော့လည်း တစ်ယောက်မှမတွေ့။ ဂျွန်အထင်မှားနေသည်ဟုသာတွေးပြီး အိမ်ပြန်လာခဲ့သည်။
မနက်ဖြန်၌ jiminတို့နဲ့တွေ့ရမှာကိုတွေးပြီး စိတ်လေးနေမိသည်။ ဂျွန်အိမ်ပြန်ရောက်တော့ ထမင်းပင်စားချင်စိတ်မရှိ၍ တစ်နေကုန် အိပ်နေမိသည်။ ညနေနိုးတော့ အလုပ်သွားချိန်နီးပြီဖြစ်၍ ရေချိုးပြီးတော့ပဲ ဆိုင်ကိုထွက်လာခဲ့သည်။ ပန်းခြံထဲကိုတောင် ဝင်မထိုင်ခဲ့ပေ။