အပိုင်း[၁၄]

170 28 0
                                    

ဆရာဝန်ဝင်လာတော့ jungkookရော hoseokပါ ဂျွန့်ဘေးက ဖယ်ပေးကာ ဘေး၌ ရပ်နေကြသည်။ ဆရာဝန်က ဂျွန့်ကို စမ်းသပ်ပြီး

"လူနာက အဆင်ပြေသွားပါပြီ ဒါပေမယ့်
အိမ်ရောက်ရင် အနားယူဖို့မမေ့နဲ့ ဟိုးအရင်တုန်းက ပင်ပန်းထားတဲ့အရှိန်တွေက ကျန်သေးတယ် မပျောက်သေးဘူး”
"ဟုတ် ဆရာ”

ဂျွန် ဘာမှမပြောရသေးဘဲ jungkookနဲ့hoseok
နှစ်ယောက်လုံးပြိုင်တူဖြေလိုက်သည်။ ဆရာဝန်က jungkookတို့နှစ်ယောက်လုံးကို ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြကာ

"အဲ့တာဆို ဆေးရုံဆင်းလက်မှတ်ယူပြီး ဆင်းလို့ရပါပြီ သောက်ဆေးလေးတွေထည့်ပေးထားတယ် မသက်သာရင် ပြန်လာပြဟုတ်ပြီလား”
"ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်”

ဆရာဝန်ကခေါင်းငြိမ့်ပြပြီး တခြားလူနာခန်းတွေဘက်ထွက်သွားသည်။ hoseokက

"hyung ဆေးရုံဆင်းလက်မှတ်သွားလုပ်လိုက်မယ် ပြီးရင် အိမ်ပြန်လိုက်ပို့ပေးမယ်”

jungkookက လက်ကာပြလိုက်ပြီး

"ကျွန်တော် ပြန်လိုက်ပို့လိုက်ပါမယ် နမ်ဂျွန့်ကို”

hoseokမပြောနိုင်ခင် ဂျွန်ကပဲ ကြားကဖြတ်ပြီး

"ဦး အိမ်ပြန်ပြီး နားလိုက်တော့လေ ဂျွန့်ကို hoseok hyungပဲ လိုက်ပို့ပေးလိမ့်မယ်”
"ဒါ…ဒါပေမယ့်”
"hyung ဆေးရုံဆင်းလက်မှတ်သွားယူပေးပါဦး ဂျွန်အိမ်ပြန်ချင်ပြီ ဆေးရုံနံ့ကို မကြိုက်ဘူး”

hoseokခေါင်းညိမ့်ကာ အပြင်သို့ထွက်သွားသည်။ jungkook ဂျွန့်ဘေးက ခုံမှာဝင်ထိုင်လိုက်ပြီး

"ချာတိတ် ကိုယ့်ကို တကယ်ပြန်စေချင်နေတာပေါ့”
"ဂျွန်က ဦးကို အားနာလို့ပါ ဦးလည်း မနေ့ညက
ပင်ပန်းထားတာ အိမ်ပြန်ပြီး လန်းသွားအောင် အိပ်လိုက်နော့”

jungkook ဘာမှမပြောပဲ ခေါင်းငြိမ့်လိုက်သည်။
ခဏကြာတော့ hoseokအခန်းထဲဝင်လာပြီး

"ဂျွန် hyungတို့ပြန်လို့ရပြီ”

ဂျွန် ခေါင်းညိမ့်ကာ hoseokကို ပြုံးပြလိုက်သည်။ ဂျွန်က ပြုံးပြလိုက်သဖြင့် hoseok
အသက်ရှုပင်ရပ်သွားလား ထင်မိပြီး
ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဂျွန်
အဲ့လိုပြုံးတတ်မှန်း hoseokမသိခဲ့ပေ။
hoseokနဲ့စတွေ့ကတည်းက ဒါပထမဆုံး
ပြုံးပြခြင်းသာဖြစ်သည်။ jungkookကတော့ hoseokပုံစံကြည့်ပြီး သတိထားမိသော်လည်း
ဂျွန်ကမူသတိမထားမိပုံမပေါ်ပေ။ hoseokကို
ဂျွန် ကြည့်လိုက်တော့ နေရာမှာပင်
တောင့်တောင့်ကြီးရပ်နေသဖြင့်

RevengeDonde viven las historias. Descúbrelo ahora