နောက်တစ်နေ့မနက်ခင်း၅နာရီလောက်ကတည်းက ဂျွန်တို့နေရာနဲ့ ခပ်ဝေးဝေးဆီက ကြက်တွန်သံနဲ့အတူ ဂျွန်နိုးလာခဲ့သည်။
ဂျွန် အိပ်နေရာမှထပြီး အကြောဆန့်ကာ
ပြုံးလိုက်မိသည်။ တိတ်ဆိတ်ငြိမ်သက်နေသော
နေရာနဲ့ ကြက်တွန်သံ အားလုံးကို သဘောကျသည်။ seoulမှာ ဒီလိုခံစားမှုမျိုးမရနိုင်ပေ။
ဘေးကိုကြည့်တော့ jkကိုမတွေ့။ ဂျွန်အိပ်ယာ
ထကာ စောင်တွေခေါက်သိမ်းပြီး အိမ်အပြင်
ကို ထွက်လာခဲ့သည်။ မီးဖိုခန်းဘက်လျှောက်
လာတော့ မီးဖိုဖိုကာ မနက်စာချက်နေတဲ့
jkကို တွေ့လိုက်ရသည်။"ဦး ဒီလိုလည်းချက်တတ်တယ်လား”
"ချင်တတ်တာပေါ့ ဘာဖြစ်လို့လည်း ထူးဆန်း
လို့လား”
"ထူးဆန်းတာပေါ့ ဦးရ ဦးလိုပိုက်ဆံချမ်းသာတဲ့
companyပိုင်ရှင်သူဋ္ဌေးကြီးက ထမင်းချက်တတ်တာနဲ့တင် ချီးကျူးစရာကောင်းနေပြီ
အခုလို မီးသွေးတွေနဲ့ပါချက်တတ်နေတာက
အရမ်းမိုက်တယ် wow amazing”ဂျွန် အံ့သြတကြီးချီးမွမ်းနေမှုကို jkပြုံးကာ
နားထောင်နေမိသည်။ ဂျွန်ချီးကျူးတာကို
ဒီလောက်အထိ ဝမ်းသာရမှန်း jkအခုမှပင်
သိသည်။"ချာတိတ် ဟိုအောက်မှာ ဘဲစာထုပ်ရှိတယ်
သူတို့ကို ကျွေးနှင့် ပြီးရင် မျက်နှာသစ်
ချာတိတ်ပြီးမယ့်အချိန်ဆို ကိုယ်မနက်စာ
ချက်တာကျက်ပြီ”ဘဲစာကျွေးခိုင်းသဖြင့် ဂျွန်ဝမ်းသာအားရဖြင့်
အစာထုပ်ကို ကောက်ယူပြီး အိမ်ရှေ့ထွက်ခဲ့သည်။ ဘဲမိသားစာလည်း ဂျွန့်ပတ်ပတ်လည်
တွင်ဝိုင်းကာ ဂျွန်ကျွေးတဲ့အစာများကို စားနေ
ခဲ့သည်။ထို့နောက် ဂျွန်မျက်နှာသစ်ပြီးတော့
jk မနက်စာပြင်ထားတဲ့စားပွဲဝိုင်းကို အိမ်ရှေ့ရှိ
ကုတင်သေးပေါ် ထုတ်လာပြီးတင်လိုက်သည်။ ဂျွန်လည်း ကုတင်ပေါ်တတ်လိုက်ကာ
နှစ်ယောက်သားထမင်းအတူစစားခဲ့သည်။"စားလို့ကောင်းလားချာတိတ်”
"ကောင်းတယ် ဦး ဂျွန် sj hyungရဲ့လက်ရာ
ထက်ပိုကြိုက်တယ် ဒီလိုဟင်းမျိုးတစ်သက်လုံးစားဆိုလည်း စားနိုင်တယ်”ဂျွန့်စကားက jkဘာပြောရမှန်းပင်မသိပဲ
လက်ထဲမှ ဇွန်းကို တင်းတင်းဆုပ်ထားမိသည်။ ချာတိတ်စားချင်ရင် ကိုယ်တစ်သက်လုံးချက်ကျွေးမှာပေါ့ဟု ပြောချင်နေသော ပါးစပ်ကြောင့် လျှာကိုကိုက်ကာ သတိထားလိုက်ရသည်။
jk ပျက်သွားသောမျက်နှာကို ချက်ခြင်းပြင်လိုက်ပြီး