present time
yoongiနဲ့seokjin နှစ်ယောက်သား နှုံးချိကာ အိမ်ပြန်ရောက်လာခဲ့သည်။ နှစ်ယောက်လုံး
ဘာမှလုပ်ကိုင်ချင်စိတ်မရှိ၍ အဝတ်အစားတောင်မလဲပဲ ကုတင်ပေါ် လှဲချလိုက်မိတော့သည်။ နှစ်ယောက်သားတော်တော်နှင့်စကားမပြောသေးဘဲ မျက်နှာကြက်ကိုသာ
စိုက်ကြည့်နေမိကြသည်မှာ အချိန်တစ်ခုအထိပင်။ တစ်ခန်းလုံးအသက် ရှုသံနှင့်နာရီသံမှ
လွဲ၍ ကျန်တာမကြားရပေ။ seokjinကပဲစပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။"yoon အခုဘယ်လိုတွေဖြစ်နေလဲတောင်
မစဥ်းစားမိဘူး jungkookဒီလောက်အသေးစိတ်စီစဥ်ထားတာကို တို့နှစ်ယောက်လုံးဘယ်လိုလုပ်မရိပ်မိရတာလဲ”
"သူကိုက ကျွန်တော်တို့မရိပ်မိအောင် သေသေချာချာလုပ်ထားတာ hyung”
"jungkookပြောတာတွေ အမှန်လို့ယုံလား yoon”
"ကျွန်တော်လည်း မပြောတတ်ဘူး hyung, junghoသေတဲ့နောက်ကွယ်မှာ ဒီလိုအဖြစ်အပျက်ရှိလိမ့်မယ်လို့မထင်ထားဘူး
ဒါ…ဒါပေမယ့်…”yoongiဆက်မပြောနိုင်ဘဲ တိတ်ဆိတ်သွားတော့သည်။ seokjinကပဲ နားလည်စွာ
ခေါင်းညိမ့်လိုက်ပြီး"မင်းလည်း နမ်ဂျွန်ကို ဒီလိုလုပ်လိမ့်မယ်လို့
မထင်ဘူးမလား hyungလည်း မယုံဘူး
နမ်ဂျွန်ပုံစံက ဒီလောက်အပစ်ကင်းတဲ့ပုံကို jungkookက နမ်ဂျွန့်ပုံစံကို သတိရော
ထားမိရဲ့လား”
"ကျွန်တော်လည်း မထင်ဘူး hyung သူ့
ကြည့်ရတာ သူသားအတွက် စုံလုံးကန်းနေတဲ့
ပုံပဲ junghoကလည်း ကျွန်တော်အတွက်
တူ/သားတစ်ယောက်ဆိုပေမယ့် နမ်ဂျွန်ဒီလိုလုပ်လိမ့်မယ်ဆိုတာ ဘယ်လိုမှယုံလို့မရဘူး hyung
ဒါပေမယ့် jungkookပုံစံကြည့်ရတာ ဘယ်လိုမှ တားရမဲ့ပုံမပေါ်ဘူး hyung နမ်ဂျွန်အတွက်
ကျွန်တော်စိတ်လေးနေမိတယ် jungkookက
နမ်ဂျွန်ဘဝကို ခက်ခဲအောင်လုပ်တော့မယ်ဆိုတာ သိနေတယ်”
"hyungလည်း သိတယ်yoon ဒါပေမယ့်
တို့နှစ်ယောက်လုံး jungkookကို လွန်ဆန်လို့မှ
မရတာ jungkookမှာရှိတာဆိုလို့ တို့နှစ်ယောက်ပဲရှိတာ hyungတို့နှစ်ယောက်ပဲ ကြားထဲကနေ ဖြည်းဖြည်းချင်းဖြောင့်ဖျပေးကြတာပေါ့”
"ဟုတ်တယ် hyung ကျွန်တော်တို့သူ့ကို
နားဝင်အောင်ပြောကြတာပေါ့ အခုလည်း jungkookက သူ့အိမ်ကို တော်တော်နဲ့ပြန်မယ့်
ပုံမပေါ်ဘူး minseokအိမ်ကို လိုက်သွားမယ်
ထင်တယ်”
"နမ်ဂျွန်တစ်ယောက်တည်း အိမ်မှာ jungkookကို ဘယ်လောက်တောင် စောင့်မျှော်နေမယ်မသိဘူး yoon သူ့ခမျာ jungkookက သူ့ကို လက်စားချေဖို့ကြံနေတယ်ဆိုတာ သိမှာမဟုတ်ဘူး”
"အဲ့အိမ်ကြီးမှာ သူတစ်ယောက်တည်း ဘယ်လောက်ထိကြောက်နေမယ်မသိဘူး
နမ်ဂျွန်က တော်တော်ငယ်သေးတယ် ဒီလိုမျိုးဘဝကို မဖြတ်သန်းသင့်ဘူး”