မှောင်မဲပြီး အေးစက်နေသော အခန်းကြမ်းပြင်၌ ဂျွန် မလှုပ်မယှက်လှဲနေမိသည်။ နည်းနည်းလေးလှုပ်လိုက်ရင်တောင် ခန္ဓာကိုယ်က တစ်ဆစ်ဆစ်ဖြင့် ကိုက်ခဲလာသည်။ အသံများပင် မထွက်နိုင်တော့ပဲ မျက်ရည်များက တသွင်သွင်စီးကျနေတော့သည်။ ခန္ဓာကိုယ်က နာကြင်ခြင်းထက်
ဂျွန့်ရဲ့နှလုံးသားက အဆများစွာ ပို၍ နာကြင်နေရသည်။ အပ်အစင်းပေါင်းများစွာက တပြိုင်နက်တည်း ဂျွန့်ရဲ့နှလုံးသားကို လာစိုက်နေသလိုပင်။ဦး…ဦးကဘယ်လိုလုပ်ပြီး ဒီလောက်ထိပြောင်းလဲ သွားရတာလဲ ဦးက ဂျွန်စသိတုန်းက
တစ်ယောက်မဟုတ်တော့ပေ။ အခုက ဂျွန်သိခဲ့တဲ့
သူမဟုတ်။ ဂျွန် ဦးကို ကြောက်သည်။ ဒါ…ဒါပေမယ့် ဂျွန်ဘာမှားခဲ့မိသလဲဆိုတာ မတွေးမိအောင် ဖြစ်နေရသည်။ ဦးကို ဘာတွေကများ ပြောင်းလဲသွားစေရတာလဲ။ဂျွန် ညတစ်လျှောက်လုံး နာကြင်မှုကို အံကြိတ်ခံရင်း ညည်းညှူကာ ဖြတ်သန်းခဲ့ရသည်။
မနက်ခင်း jungkookအိပ်ယာနိုးတော့ ဘေး၌ minsooမရှိတော့ပေ။ jungkook ရေမိုးချိုးအဝတ်အစားလဲကာ အိမ်အောက်ထပ်သို့
ဆင်းလာခဲ့သည်။ ထမင်းစားခန်းထဲ ဝင်တော့ အန်တီကြီးက မနက်စာပန်းကန်များကို စားပွဲပေါ် ချနေသည်ကို တွေ့ရသည်။"Mr.jeon နိုးပြီးလား”
jungkookခေါင်းညိမ့်ပြရင် ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။ jungkook မနက်စာစစားတော့ အဒေါ်ကြီးက လှေကားထစ်ကို ခဏခဏလှည့်ကြည့်နေပြီး နမ်ဂျွန်ဆင်းလာသည်ကို စောင့်နေမိသည်။ jungkook မနက်စာစားပြီးသည်အထိ ဆင်းမလာတော့
"Mr.jeon…”
jungkook အန်တီကြီးကို ကြည့်လိုက်တော့
"ဟို…နမ်ဂျွန်လေးပြန်သွားပြီလား မနက်စာလာမစားလို့ပါ…”
"သူလား…သူမြေအောက်ခန်းထဲမှာ ရှိတယ်
သွားခေါ်ပြီး ဧည့်သည်တွေအတွက် အခန်းထဲ
ထည့်ထားလိုက် နောက်မှ သူ့အတွက် အလုပ်သက်သက်ပေးမယ်…”
"မြေ…မြေအောက်ခန်းထဲမှာ…”အန်တီကြီး တအံ့တသြပြောပြီး မြေအောက်ခန်းဘက်ကို မြန်မြန်ပြေးထွက်လာခဲ့သည်။ အခန်း
တံခါးဖွင့်ပြီး မီးဖွင့်လိုက်တော့ ကြမ်းပြင်၌ လှဲနေတဲ့ နမ်ဂျွန့်ကို မြင်ကာ အလန့်တကြားနဲ့အော်လိုက်မိသည်။