"ချာတိတ် အဆင်ပြေရဲ့လား "
ဂျွန်မော့ကြည့်လိုက်တော့ ယောက်ျားပီသစွာ
ခန့်ညားသော ထိုပုဂ္ဂိုလ်က ဂျွန့်ကို လက်ကမ်းပေးနေသည်ကို တွေ့လိုက်ရသည်။ ဂျွန် ဘာစကားမှပြန်မပြောဘဲ ကိုယ့်ဘာသာကိုထရပ်လိုက်ကာ"ခင်ဗျားကြောင့် ပစ္စည်းတွေပိုက်ဆံမရှင်းဘဲပါသွားပြီ"
ဂျွန် ကိုယ့်ဟာကို ကြားရုံ လေသံတိုးတိုးနဲ့
ပြောလိုက်တော့"ဟမ်...ဘာပြောတာ"
"ခင်ဗျားကြောင့် ဟို၃ယောက် ပိုက်ဆံမရှင်းဘဲ
ပစ္စည်းတွေယူသွားပြီ ပြောနေတာ”ဂျွန်အသံခပ်ဆတ်ဆတ်နဲ့ပြောတော့ ထိုပုဂ္ဂိုလ်က မျက်ခုံးတစ်ဖက်ပင့်ပြီး စဥ်းစားဟန်ပြုကာ
"ကိုယ်က မင်းဒုက္ခရောက်နေတာကနေ
ကယ်လိုက်တာမဟုတ်ဘူးလား"
"ပိုက်ဆံတွေမရှင်းပဲထွက်သွားတာ
ခင်ဗျားကြောင့် အဲ့အတွက်ခင်ဗျားရှင်းပေးရမယ် ကျွန်တော်မစိုက်ပေးနိုင်ဘူး”ဂျွန်မျက်နှာသေနဲ့ စကားကို ကြားရုံပြောကာ ကောင်တာဆီပြန်လျှောက်လာခဲ့သည်။ ထိုပုဂ္ဂိုလ်ကလည်း ဂျွန့်နောက်ကလိုက်လာကာ
"အိုကေလေ ကိုသူတို့အတွက်ပါရှင်းပေမယ်"
ဂျွန် မျက်လုံးလှန်ကြည့်တော့ ထိုပုဂ္ဂိုလ်က
ခေါင်းညိမ့်ပြသည်။ ဂျွန်လည်း ဘာမှမပြောဘဲ ပြေစာရိုက်ထည့်နေလိုက်တော့သည်။"ကိုယ့်အတွက် စီးကရက်တစ်ဗူး"
ဂျွန်ခေါင်းညိမ့်လိုက်ကာ စာရင်းတွက်ပြီး ပြေစာပေးလိုက်သည်။ ထိုပုဂ္ဂိုလ်က ပိုက်ဆံရှင်းဖို့
ဂျွန်ရဲ့ လက်ထဲကဒ်လာထည့်လို့ ကြည့်လိုက်တော့ black cardဖြစ်နေသည်။ ဂျွန် မျက်မှောင်ကြုတ်လိုက်ကာ"ဆိုင်က ဒီကဒ်သုံးမရဘူး အကြွေပဲ ပေးပေးပါ”
ထိုပုဂ္ဂိုလ်က ကဒ်ပြန်သိမ်းပြီး ဂျွန့်လက်ထဲကို ပိုက်ဆံထည့်ပေးလိုက်သည်။ ဂျွန်ကုန်ကျစားရိတ်ယူပြီး ပိုငွေကို သူ့လက်ထဲထည့်ပေးလိုက်ကာ ထိုင်ခုံ၌ ပြန်ထိုင်နေလိုက်သည်။ ထိုပုဂ္ဂိုလ်က ချက်ခြင်းထွက်မသွားဘဲ ဂျွန့်ရှေ့၌ တစ်မိနစ်ခန့်ရပ်နေသေးသည်။ ဂျွန်လည်း ဂရုမစိုက်စွာ စာအုပ်ဖတ်နေတော့