Chapter 6

9.9K 408 54
                                    

~It's hurt to see~

💜 Unicode 💜

နေရောင်နောက်ဆုံးလာလည်တဲ့ နေ့ကစပြီး အငယ်နဲ့သူနဲ့ လအတော်ကြာမတွေ့ဖြစ်ခဲ့ပါ။ နေရောင်ကလဲ လာတွေ့ချင်ပေမယ့် သူ့အချိန်ဇယားက အပြည့်ဖြစ်နေတာမို့ တကယ်လဲလာမတွေ့နိုင်ခဲ့ခြင်းသာ။   Emmကေတာ့ သူ့ညီမလေးအသဲကွဲနေတာကို မသိချင်ယောင်ဆောင်ရင်းနဲ့ပဲ တစ္ဖက္ကေန ဒီကလေးပျော်အောင် အမျိုးမျိုးကြံဖန်ပေးရပါ၏။

မုန့်တွေဝယ်ကျွေးရတာတမျိုး သူလိုချင်တာဝယ်ပေးရတာတစ်မျိုးနဲ့အမျိုးမျိုးအလုပ်ရှုပ်ခံပေမယ့် ဒီကလေးပြုံးရယ်တာမျိုးတော့မရှိတော့ပေ။ မပြုံးမရယ်တာထက်ကို အစားအသောက်မမှန်လို့ ပိန်လှီသွားတာကိုက သူ့အတွက်စိုးရိမ်စရာပင်။ အခုလဲထမင်းဝိုင်းမှာထိုင်ပြီး သူအကြိုက်ဆုံး ပါစတာကိုတောင် ခက်ရင်းနဲ့ ဟိုထိုးဒီထိုးလုပ်နေတာ စိတ်မပါ့တပါပင်။

အငယ်"

ဟုတ်"

မနက်ဖြန်Markရဲ့ Interview showရှိတယ် အငယ်သွားကြည့်ချင်လား"

ဟင့်အင်း"

သူ့အငြင်းမှာအမ်းကစိတ်လေးလံစွာပဲသက်ပြင်းချပါ၏ အမှန်ဆို အငယ်ဆိုတာ သူ့လူကြီးရဲ့ရှိုးပွဲကို တစ်ပွဲမှအလွတ်မခံနဲ့ Fanအကြီစားလေးသာ။ ဒီလိုမျိုးငြင်းတယ်ဆိုတာ ရှိမှမရှိခဲ့ဖူးပဲ။

ဒါဆိုအမ်းနဲ့ကစားကွင်းသွားချင်လား။"

မသွားချင်ဘူး။ "

ဒါဆိုလဲ အမ်းရှိုးပွဲသွားရင်အဖော်လိုက်ပေးလေ။"

အမ်းကအဖော်မှမလိုတာ လိုရင်လဲလူးဝစ်ကိုခေါ်သွားလိုက်။ အငယ်တော်ပြီ။ စာသွားလုပ်တော့မယ်။"

ပြောနေရင်း အငယ်လေးက လက်ထဲကခက်ရင်းကိုချကာ ထမင်းစားဝိုင်းကထပြီး အပေါ်ထပ်ကိုတက်သွားလေသည်။ အမ်းမရက်စ်ခမျာ နည်းလမ်းတွေလဲကုန်သလောက်ရှိနေပြီမို့ ဒီကလေးကိုတက်ကြွအောင်ဘယ်လိုလုပ်ပေးရမှန်းကိုမသိတော့ပါ။  လူးဝစ်ဆိုသည်မှာလဲ သူ့ဆရာရဲ့စိတ်ပျက်လက်ပျက်အနေအထားကို ဘယ်လိုဖြန်ဖြေပေးရမှန်းမသိတာမို့ ပါးစပ်ကလေးပိတ်ပြီး အရိပ်အကဲသာရပ်ကြည့်နေရပါလေသည်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now