Chapter 5

10.4K 398 29
                                    

~Impossibility~

💜 Unicode 💜

" မြန်မာမှာလဲမစားခဲ့ရဘူး ဒီရောက်တော့လဲငတ်ပြန်တယ်။"

ဤယနေ့မှာတော့ အလုပ်တွေမစခင် တစ်ရက်အနားယူချင်သည်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေရောင်တစ်ယောက် အမ်းမရက်ရဲ့ အလုပ်ခန်းထဲရောက်နေလေပြီ။ Emm မှာလဲ အလုပ်ကတစ်ဖက် ဘေးကဆိုဖာပေါ် ခြေပစ်လက်ပစ်လှဲထိုင်ပြီး ပွစိပွစိရွတ်နေတဲ့ သကောင့်သားကတစ်မျိုးနဲ့ အတော်ကိုအာရုံခြောက်ရပြီ။

မင်းပဲစဥ်းစားကြည့်ကွာ စော်လေးကစောက်ရမ်းချောရဲ့သားနဲ့ ငါစားဖို့ပြင်ကာမှ အသံကြီးက ...."

မင်းငါ့ဆီလာပြီး မင်းမိန်းမတွေအကြောင်းလာထိုင်ပြောတာလား ။ "

ရေးလက်စလက်ထဲကဘောပင်ကို စားပွဲပေါ်ပစ်ချပြီး စိတ်ပျက်လက်ပျက်အသံကြီးနဲ့ Emmကပြောလာတော့ နေရောင်ကသွားဖြီးပြပါ၏။

မဟုတ်ပါဘူးကွ....မင်းကလဲ ဒီအချစ်ဆုံးလေးတစ်ယောက်ထဲရှိတာကို နည်းနည်းလောက်ရင်ဖွင့်မိတာနဲ့ မင်းကငြိုငြင်နေပြီလား"

ငြိုတာငြင်တာတော့ငါမသိဘူး အခုငါဆွဲထိုးရင် မင်းအခွက်တော့ညိုတော့မယ်ထင်တယ်။ စိတ်ကရှည်မနေတော့ဘူး။ လိုရင်းကဘာလဲ။ မင်းကအဲ့တစ်ယောက်နဲ့လုပ်တာလားမလုပ်တာလား။ မြန်မာကစော်ကရော ဘယ်ရောက်သွားတာလဲ။"

စိတ်ကလဲမရှည်လိုက်တာကွာ။ ငါက ဘယ်လိုလုပ်လို့ရမှာလဲကွ ဘယ်လောက်လှလှ ယောကျ်ားအသံကြီးထွက်လာတာကို ငါကဘယ်လိုလုပ်ရမှာလဲ။"

ဟျောင့် ယောကျ်ာလေးလဲ ကြိုက်တဲ့သူကကြိုက်တယ်ကွ "

ငါမကြိုက်ဘူးလေကွာ မင်းလေသံကြီးကလဲယောကျ်ာချင်းကြိုက်တဲ့အသံကြီးနဲ့။ မင်းဂေးနေတာလားဟျောင့် ငါ့ကိုကြိတ်ကြိုက်နေတာမလား။"

ထွီ....ငလူး....ရွံလိုက်တာ ဂေးရင်တောင်မင့်မကြိုက်ဘူး။"

ထွီ ငါလဲရွံတယ်"

နှစ်ယောက်သား မျက်စောင်းကြီးနဲ့ တစ်ယောက်တစ်ဖက်ဆီလှည့်သွားကြပါပြီ။ Emmနဲ့ Markဆိုသည်မှာလဲ တစ်ယောက်ကရင်ဖွင့်ရင်တစ်ယောက်ကနားတော့ထောင်ပါရဲ့။ ပြီးရင် ပေါက်ကရတွေပြန်တုန့်ပြန်တဲ့ တကယ့်တလွဲကျော်နှစ်ယောက်သာ။

မချိုပေမယ့်...မခါးပါဘူးTempat cerita menjadi hidup. Temukan sekarang