Chapter 32

10.8K 411 61
                                    

~ I hate you ~

💜 Unicode 💜

ခွဲခွာခြင်းတွေက တွေ့ဆုံခြင်းနဲ့စကြတယ်။ ဒီခွဲခွာခြင်းကြောင့် နာကျင်ရတဲ့အကြောင်းပြချက်တွေအပေါ် ခွဲခွာခြင်းကိုမုန်းတီးကြပေမယ့် တွေ့ဆုံခြင်းတွေကိုတော့ ဘယ်သူမှအပြစ်မတင်ကြဘူး။ တကယ်တမ်း တွေ့ဆုံခြင်းတွေဆိုတာ အကြောင်းပြချက်တွေသိပ်မရှိပါဘူး။ အရာရာတိုင်းက တနေ့မှာခွဲခွာကြဖို့အတွက်ပဲ တွေ့ဆုံလာကြတာပဲဟာ။ သက်ရှိတွေနဲ့ဖြစ်စေ၊ သက်မဲ့တွေနဲ့ဖြစ်စေ။ သက်မဲ့တွေကအချိန်နဲ့အမျှ ပြောင်းလဲတတ်ကြပြီး သက်ရှိတွေကအချိန်တန်ရင် ပျောက်ကွယ်သွားတတ်ကြတယ်။ ထာဝရဆိုတဲ့အရာက တကယ်တမ်းဒဏ္ဍာရီလာ ယုံတမ်းပုံပြင်တစ်ပုဒ်ပဲ။

ထာဝရဆိုတာ.....တစ်ခဏပါပဲ။

....................

Carmel ဆိုတဲ့ နေရာလှလှလေးမှာ ရက်ပိုင်းလောက်ရိုက်ကွင်းတွေဆက်ပြီးနောက်တော့ ရုပ်ရှင်အဖွဲ့သားတစ်စုလုံး ထိုနေရာကနေပြန်ထွက်ခွာခဲ့ကြလေသည်။ ဘာရယ်မဟုတ်ပေမယ့် နေရာဒေသကိုတွယ်တာမိတဲ့ အငယ်လေးတစ်ယောက် မနက်စောစောအလင်းရောင်တစ်ခုနဲ့ ခပ်လှမ်းလှမ်းကကမ်းစပ်လေးကိုငေးရင်း အမှတ်တရတွေသိမ်းယူနေမိတယ်။

ဓာတ်ပုံမရိုက်ဘူးလား "

သူ့နောက်ကသြရှတဲ့အသံကြောင့် အငယ်နောက်ဘက်ကိုငဲ့ကြည့်မိတယ်။ သေသေချာချာကြီးမဟုတ်ပါဘူး မျက်ထောင်လေးနဲ့လှမ်းကြည့်ရုံပေါ့။ လူကြီးကသူထိုင်နေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာရပ်နေတယ်။ သူလဲပြန်ခါနီးကမ်းစပ်အလှကို လာကြည့်တာထင်ပါရဲ့။ အငယ်ကချက်ချင်းပြန်မဖြေပဲ အကြည့်တွေကိုတိမ်တွေကွယ်နေတဲ့ နေလုံးကြီးဆီပို့ထားလိုက်တယ်။

သိပ်လှတဲ့မြင်ကွင်းတွေက နှလုံးသားနဲ့သိမ်းထားတာပဲ ပိုကောင်းပါတယ်။ "

အဟင်း....ဟုတ်သားပဲ။ "

ပြောပြောဆိုဆိုနဲ့ အဲ့ဒီလူကအနောက်ကနေလျှောက်လာပြီး သူ့မြင်ကွင်းရှေ့မှာလာပိတ်ရပ်တယ်။ ပြီးတော့ သူ့အရပ်ရှည်ကြီးကိုနှိမ့်ဖို့ ခါးလေးကိုင်းလို့ အငယ့်ကိုအကြည့်ချင်းဆုံဖို့ငုံ့ကြည့်တယ်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now