Chapter 4

11K 417 33
                                    

~ Spring ~

💜 Unicode 💜

"Lexက ပြင်သစ်ပြန်သွားပြီတဲ့။"

ကော်ဖီဆိုင်ထိုင်နေရင်း ရုတ်တရက်ကြီးစကားစလာတဲ့ရာနိုကြောင့် သူ့ရှေ့က ဗနီလာကိတ်ဆီအာရုံရောက်နေတဲ့မိုင်က ပေါ့ပျက်ပျက်ပဲခေါင်းညှိတ်တယ်။ ရာနိုကတော့သူ့စကားကို ကြားသလိုမကြားသလိုလုပ်နေတဲ့အမတော်ကို မျက်မှောင်ကြုတ်လို့ကြည့်ပြီး မိုင်တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေတဲ့ ဗနီလာကိတ်ကို အလိုမကျသလို မျက်မှောင်ကြုတ်လို့ပြန်ကြည့်တယ်။

"ဘယ်ဘဝကဗနီလာကိတ်နဲ့လင်မယားတော်ခဲ့တာလဲ ဘွားတော်။ အကြည့်တွေကစူးရှနစ်မျောနေတာပဲ။"

" အစားအသောက်နဲ့သာလင်မယားတော်ရမယ်ဆို ငါတော်တော်လင်များနေမှာပဲ။ "

အရိုင်းဆန်ဆန်သူ့စကားလုံးမှာရာနိုက မျက်လုံးလေးပေကလပ်နဲ့ ပြူးကြည့်တယ်။

" ဘာလို့လဲ "

" ငါမကြိုက်တာမရှိလို့လေ။ "

" ဟက်....ခင်ဗျားတော်တော်အစားသောင်းကျန်းတာပဲ "

" မိန်းကလေးတွေရဲ့ဘဝမှာ အချစ်ဦးက ချောကလက်နဲ့ပီဇာပဲတဲ့ "

သူ့စကားမှာ ရာနိုကဇဝေဇဝါနဲ့ ခဏလောက်စဥ်းစားလိုက်ရတယ်။

" နေပါဦး....မိန်းကလေးတွေရဲ့ပထမဆုံးအချစ်ဦးက အဖေမဟုတ်ဘူးလား။ "

" မဆိုင်ဘူး အဖေကနှလုံးသားထဲမှာ ပီဇာကဗိုက်ထဲမှာလေ တကန့်ဆီပဲ။ "

" ဟ......ကောင်းပြီ ....ဒါဆိုကျနော်မေးမယ် "

" မေး "

" ခင်ဗျားအမနဲ့ ပီဇာဗန်းနဲ့ရေထဲကျသွားရင် ဘယ်သူ့ကိုကယ်မှာလဲ "

" ငယ်သွေးနဲ့ပီဇာလား "

ရာနိုကသူ့လက်ထဲကဖုန်းကို စားပွဲပေါ်ချလို့ စိတ်ဝင်တစားနဲ့ခေါင်းညှိတ်လို့နားထောင်တယ်။

မချိုပေမယ့်...မခါးပါဘူးNơi câu chuyện tồn tại. Hãy khám phá bây giờ