Chapter 1

30K 847 68
                                    

Chapter ( 1 )

~~ Back to date ~~

💜 Unicode 💜

မိန်းမတွေကရာသီဥတုနဲ့တူတယ်တဲ့။ ကျနော်ရာသီဥတုအကြောင်း ကောင်းကောင်းနားလည်တယ်။ ဒါပေမယ့် မိန်းမတွေကိုနားမလည်ဘူး။ ပြီးတော့.... အဲ့သည်မိန်းကလေးကို ပိုပြီးတော့ နားမလည်ဘူး။

ဥရောပမှာ ဥတုလေးပါးရှိတယ်။ နွေဦး၊နွေရာသီ၊ဆောင်းဦး၊ဆောင်းရာသီ။ သည်ဥတုလေးပါးကို သူများတွေ သာသာယာယာပဲ ဖြတ်သန်းနေကြတယ်။ အအေးလှိုင်းတစ်​ဖြတ်လေး၊ မုန်တိုင်းအဖျားတစ်စလေးတောင် သူတို့ဆီမခတ်ကြဘူးထင်ပါရဲ့။ အင်း.....ကျေနပ်စရာပါပဲ။

“ဒါဖြင့်...ကျနော့်နွေဦးကရော ဘာဖြစ်တာလဲ။”

................

“Model Mark Devlin မြန်မာပြည်အနှံ့ခရီးထွက်” ဆိုတဲ့ခေါင်းစဥ်နဲ့ ထိုလူကြီးပုံတွေ New Feed မှာ ခဏပြီးခဏတက်လာတဲ့နောက် နွေဦးတစ်ယောက် မနေနိုင်မထိုင်နိုင်ဖြစ်ရလေပြီ။ ပိုဆိုးတာက သူ့ဘေးနားကမျက်နှာပုံမပါတာတောင် အဝတ်အစားဒီဇိုင်းနဲ့တင် ကြွေလောက်စရာ ခပ်လှလှအမျိုးသမီးလေးက သူရဲ့ကောင်မလေးအသစ်လားဆိုတဲ့ သံသယသတင်းတွေပါပဲ။ ဖုန်းကိုကုတ​င်ပေါ်ပစ်ချပြီး သက်ပြင်းချကာ အကိုဖြစ်သူရဲ့အပေါ်ထပ်အလုပ်ခန်းဆီ ကမန်းကနန်းပြေးတက်လို့ စိတ်လှုပ်ရှားစွာနဲ့ တံခါးခေါက်လိုက်မိသည်။

ဒေါက်​ဒေါက်....

“ဝင်ခဲ့”

တံခါးဖွင့်သံကြားပြီးနောက် ဝင်လာတဲ့ခြေသံမကြားတာမို့ Emerasက မျက်မှောင်ကြုတ်ကာ တံခါးဘက်ကိုမော့ကြည့်လိုက်မိတယ်။ သူ့ညီမအသေးလေးက သူ့ကိုတံခါးဝကနေ ကြောင်မျက်လုံးကလေးနဲ့ချောင်းနေတာ။ ဒါကြောင့်အသံမကြားတာကိုး။ လက်ထဲကဘောပင်ကိုချပြီး ငွေရောင်ကိုင်းနဲ့မျက်မှန်လေးကို ခဏချွတ်လိုက်ကာပဲ ပြုံးပြလိုက်တယ်။

“ဟင်း...ဘာချောင်းနေတာလဲ အငယ်။ မဝင်လာဘူးလား”

“ဟို......အမ်း ဆူမှာဆိုးလို့ ”
(အမ်း=Emm,  Emerasရဲ့အတိုခေါက်ပါ )

မချိုပေမယ့်...မခါးပါဘူးDonde viven las historias. Descúbrelo ahora