Chapter 42

4.9K 251 67
                                    

" That Day Won't Come"

💜 Unicode 💜

မသွားရဘူး"

ထမင်းစားခန်းထဲ ရုတ်တရက်ကျယ်လောင်စွာထွက်လာတဲ့အသံပိုင်ရှင်က Emeras သာ။ ပြန်ပြေလည်သွားတာမှ 24နာရီမပြည့်သေးတဲ့မောင်နှမနှစ်ယောက်က လောလောလတ်လတ်မှာ Carmel သွားမယ့်ကိစ္စနဲ့ ငြင်းခုန်နေကြပြန်ပြီ။

အငယ် ၁ပတ်ပဲသွားမှာပါ Emmရယ် "

မရဘူးလို့ Emmပြောနေတယ်လေ နွေဦးငယ်။ အဲ့သူတောင်းစား တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ် Mark က ယုံကြည်ရတာမဟုတ်ဘူး။ ညအိပ်ခရီးဆိုပိုတောင်မယုံဘူး။ "

ဒါပေမယ့်လည်း အငယ်ပြောပြီးသားစကားဖြစ်နေတယ်လေ "

ဖြစ်ပါစေ မသွားဘူးပြန်ပြောလိုက်။ မင်းတို့ကို Emm သဘောမတူရသေးဘူးနော် ။ "

ဟုတ်ပါတယ် ဟုတ်ပါတယ် အငယ်ကလည်းအဲ့တုန်းက ပါးပါးသဘောမကျရင် လူကြီးနဲ့ခဏလမ်းခွဲဖို့ Carmel ကိုနှစ်ယောက်ထဲခရီးထွက်ပြီး နှုတ်ဆက်ဖို့ပါ။ "

Emm : ဟမ်...."

Mark : ဘာပြောတယ်!"

Emm : ဟဲ့ ပလုတ်တုတ်!"

ရုတ်တရက် ဆူဆောင့်သံကြီးနဲ့နေရောင်ဝင်လာတော့ Emeras ကမျက်မှောင်ကြုတ်တယ်။

ဟိုသူတောင်းစား ဘယ်တုန်းကရောက်နေတာလဲ။ မင်းကိုဒီအိမ်ထဲဘယ်သူပေးဝင်လို့လဲ။ "

အေးမင်းငါ့ကို 109 110လို့ စွပ်စွဲနေကတည်းကရောက်နေတာ ။ ဘယ်နှယ့်လဲ စွပ်စွပ်စွဲစွဲ ငါကပါကလေကချေဖြစ်ရတယ်လို့။ ငါ့ဖန်တွေကြားရင်မင်းကို တက်ပွတ်ကုန်တော့မယ်။ လူလဲသောက်လုပ်နဲ့သောက်ကိုင်နဲ့ပါဟ ။ -ီးတရာ့ကိုးတရာ့တစ်ဆယ်လား။ နောက်ပြီးဟိုကလေးမကရော...လမ်းခွဲမယ်ဆိုတာဘာစကားလဲ Carmel ထိတောင် ကိုယ့်ကိုမြှားခေါ်ပြီး ထားခဲ့ဖို့လုပ်နေတာပေါ့လေ။ "

ထားခဲ့လဲ ပြန်မလာနိုင်ရအောင်မင်းကကျိုးပဲ့နေလို့လား "

မင်းပါးစပ်ပိတ်ထား Emeras မင်းမနေ့ထဲကသောက်စကားအရမ်းများနေတာ အခုငါ့အလှည့် ငါ့ကိုပေးပြော။ "

နေရောင်ကသူ့ညီမတော်ရှေ့မားမားမတ်မတ်ရပ်နေတဲ့ ယောက်ဖတော် Emeras ကို လက်မောင်းရင်းကနေ ဘေးဘက်ဆီ တွန်းလွှတ်ကာ အငယ့်ပုခုံးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆွဲကိုင်၍ သူနဲ့မျက်နှာချင်းဆိုင်စေသည် ။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now