Chapter 44

4.9K 200 39
                                    

~ Possessive Boyfriend ~

💜Unicode💜

တိုက်ခန်းရောက်တာနဲ့ ရေခဲသေတ္တာနဲ့ မီးဖိူချောင်ထဲဝင်စပ်စုနေတဲ့အငယ်လေးက ဗိုက်ဆာနေတဲ့ပုံပင်။ လှုပ်စိစိနဲ့ ဗီဒိုတွေလိုက်ဖွင့်ကြည့်နေလေသည်။

Mark...."

ဗျာ"

ဘာစားကြမှာလဲ"

ငယ်ဘာစားချင်လို့လဲ။ "

ဘာပဲဖြစ်ဖြစ်ရတယ်။ "

ဗိုက်ဆာနေပြီလား"

အွန်း....ဒါပေမယ့်ရေလည်းချိုးရဦးမယ်။ စားပြီးမှပြန်တော့မယ်။"

ဟမ်....ပြန်မယ်....ဘယ်ကိုပြန်မှာ"

အိမ်လေ"

မပြန်ရဘူး စားပြီးမှပြန်မယ်ဆိုရင် ဘာမှမကျွေးပဲနေလိုက်မယ် ဘာမှမစားနဲ့ ဒါဆိုမပြန်ရတော့ဘူး။ "

အဟား....ရှင်ကျမကိုအငတ်ထားတာလား"

ဟင်...ဟင်....ဘာလဲ...."

အငယ်လေးရဲ့စကားမှာ နေရောင်ကမျက်မှောင်ကြုတ်လို့ နှုတ်ခမ်းကိုက်ကာ သူ့ကလေးမနားတိုးကပ်လာလေသည်။

ဘာလဲ....ဘာလဲ....ဘာကြည့်တာလဲ"

ပြန်ပြောလိုက်...ဘယ်သူကရှင်လဲ....ဘယ်သူကကျမလဲ"

အဟင်း...မဟုတ်ဘူးလေ....လူကြီးကအငယ့်ကိုအငတ်ထားမှာလားလို့ ပြောတာပါ။ "

ဒါဆိုဘာလို့အိမ်ပြန်မယ်ပြောတာလဲ။ မပြန်ရဘူးဒီညဒီမှာပဲအိပ်ရမယ်။ သွားရေသွားချိုး စားဖို့က ကိုယ်ပြင်ထားပေးမယ်။ "

အဲ့တာဆို Emmကို မပြန်လာဖြစ်ဘူးဆိုတာ ဖုန်းဆက်လိုပ်ဦးမယ် တော်ကြာညစာစားဖို့ စောင့်နေဦးမယ်။ "

အင်း ဟုတ်ပြီ။ အွန့် ကိုယ့်ကို နမ်းသွားဦး။"

အွန့်ဆိုပြီး သူ့နှုတ်ခမ်းကိုထော်ကာ အငယ့်နားကပ်လာတော့ အငယ်လေးခမျာ မထော်မနန်းတွေချွဲတတ်နေတဲ့လူကြီးကို မနေနိုင်မထိုင်နိုင် ခိုးရယ်ကာသူ့နှုတ်ခမ်းဆီလှမ်းနမ်းရလေသည်။ သူ့ရှေ့မှာပေါ်တင်သွားရယ်လို့လဲမရဘူးလေ။ နဂိုကမှခဏခဏကောက်ချင်နေတဲ့ ကောက်စိန်က သူ့ကိုလှောင်ပါတယ်ဆိုပြီး ထပ်ကောက်သွားဦးမည်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now