Chapter 8

9.6K 465 74
                                    

~ Onus or Envy ~

💜 Unicode 💜

ရာနိုတစ်ယောက် လေဆိပ်မှာ နေရောင့်ကိုသွားကြိုဖို့အတွက် လေလေးတချွန်ချွန်နဲ့ ​လှေကားထစ်တွေအတိုင်း တက်ကြွစွာခုန်ပေါက် ဆင်းလာလေသည်။ ဧည့်ခန်းမှာထိုင်နေတဲ့မိုင်က  ထူးထူးဆန်းဆန်း တက်ကြွနေတဲ့ကိုယ်တော်ချောကို မျက်မှောင်ကြုတ်လို့ကြည့်မိတယ်။ ရာနိုဆိုတာ အမြဲလိုလို မျက်နှာကြီးတည်​နေရင်နေ မနေရင်မျက်မှောင် ကြုတ်ထားတတ်တဲ့သူလေ။ ခုလိုမရင်းနှီးတဲ့ပုံစံလေးတွေ့တော့ မိုင်ကဘာမထီပြုံးလေးနဲ့ သူ့ကိုလှမ်းစတယ်။

" အင်.....အင်း.....အသံကလေးကသာနေတာပဲ အတော်အေးချမ်းနေပုံပဲ။ ပြောစမ်းပါဦး။ ဒါကဘယ်လဲ။ "

မိုင့်အသံမှာ ရာနိုကမှုန်ကုတ်ကုတ်နဲ့ ရပ်သွားသလို ထမင်းစားခန်းထဲကထွက်လာတဲ့ မေနဲ့ဇေကလဲ ထောင့်လေးကပ်ရပ်ပြီး ပြုံးစိစိနဲ့သူတို့ပွဲကို စကြည့်ပါတော့တယ်။ မိုင်နဲ့ရာနိုဆိုတာ အလုပ်တစ်တစ်ခုခုမရှိပဲ ဒီအတိုင်းနှစ်ယောက်သား မျက်နှာချင်းဆိုင်မိရင် တစ်မှုမဟုတ်တစ်မှုနဲ့ သတ်နေကြတာလေ။ တစ်ယောက်ကငြိမ်နေရင် တစ်ယောက်ကစတယ်။ ပြီးရင်ရန်ထဖြစ်ပြီး တစ်ယောက်တစ်ထောင့်ကပ်သွားကြတာာ။ အဲ့တာသူတို့မူပိုင်ပဲ။ အခုလဲမိုင့်အသံမှာ ရာနိုက မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့ မျက်စောင်းထိုးနေပြီ။

" နေရောင်ကိုသွားကြိုမလို့ "

" ဘာကြိုစရာလိုလို့လဲ သူ့ဘာသာ တက္ကစီငှားလာပေါ့ "

" ဧည့်သည်ပါလို့တဲ့ "

ရာနိုရဲ့စိတ်မပါ့တပါဖြေသံမှာ မိုင်ကချက်ချင်းကို မျက်လုံးအရောင်လက်ပြီး သူ့ကိုမော့ကြည့်လာပါတော့တယ်။

" အယ်.....အငယ်လေးဖြစ်မယ် ငါလဲလိုက်မယ် "

မျက်လုံးလေးပေကလပ်နဲ့ မျက်နှာချိုသွေးပြီးအနားကပ်လာတော့ ရာနိုကနှာမှုတ််တယ်။

" မလိုက်နဲ့.... "

" ဘာလို့လဲ "

" ဧည့်သည်ကဘယ်နှယောက်ပါမှန်းမသိပဲနဲ့ ခင်ဗျားလိုက်ရင် လူကြပ်နေမယ် ကျုပ်ကားက miniလေးဗျ "

မချိုပေမယ့်...မခါးပါဘူးHikayelerin yaşadığı yer. Şimdi keşfedin