Chapter 27

13.4K 445 59
                                    

~ First Time ~

💜 Unicode 💜

ဘားထဲကနေ ဆေးရှိန်တက်လို့ တစ်ကိုယ်လုံးတုန်ရီနေတဲ့ အမတော်လေးကို ရာနိုကချက်ချင်းပဲ ပွေ့ချီပြီး အပြင်ဘက်ကိုခေါ်ထုတ်ခဲ့လေသည်။ ကားပါကင်ရောက်တာနဲ့ ဘေးခုံပေါ်ပွေ့တင်ပြီး ကားကိုမြန်မြန်ပဲမောင်းထွက်လာလိုက်သည်။ သူကတော့ပုံမှန်စိတ်နဲ့သူမို့ အေးဆေးနေနိုင်ပေမယ့် မိုင်ကတော့ဆေးရှိန်နဲ့ တစ်ကိုယ်လုံးပူပြင်းပြီး တွန့်တွန့်လူးနေလေပြီ။ နေရောင်ရဲ့ခွက်ထဲကို ဆေးတစ်ဝက်ပဲထည့်ထားတယ်ဆိုပေမယ့် ဒီခေါင်းကြောမာတဲ့ အမတော်လေးကိုတော့ ဆေးတစ်လုံးလုံးထည့်ထားတာမို့ ဒီအချိန်မှာသူခံရခက်နေမှန်းရာနိုသိပါ၏။

ဟင်း......အဟင့်......."

တအားပူလို့လား ကျနော်Air conဖွင့်ထားပေးတယ်။ ခဏနေအဆင်ပြေသွားလိမ့်မယ်။"

ရာနို..."

မိုင်ကမနေတတ်စွာပဲ ရာနိုရဲ့ကားမောင်းနေတဲ့လက်ကို လှမ်းဆွဲနေတော့ ရာနိုကသူ့လက်ကို လက်ချောင်းတွေဆီကနေ ခပ်တင်းတင်းလေး ဆုပ်ကိုင်ထားပေးလိုက်သည်။

ကျနော်ရှိတယ်...ကျနော်ဒီမှာရှိနေတယ်။"

ရာနို.....ဟင့်....ငါ......."

ရှူးး....."

ရာနိုကသူ့လက်ကလေးကို ကိုင်ရက်အတိုင်းပဲ နှုတ်ခမ်းပေါ်လက်တင်ပြတယ်။ မိူင်ကတော့ ရှုံ့မဲ့မဲ့နဲ့ သူ့ကိုလှမ်းလှမ်းဆွဲကာပဲ သူ့ပုခုံးဆီလာမှီပြီးကြောင်ကလေးလို ခေါင်းကိုပွတ်သီးပွတ်သပ် လူပ်နေလေရဲ့။ရာနိုတစ်ယောက် အခုမှပဲဆေးအကြီးစားမိသွားရပြီ။ နဂိုကခိုင်နေတဲ့စိတ်က သူနဲ့မှယိုင်လာရပြီ။ အိမ်အထိရောက်ချင်ပေမယ့် ဘေးကနေပွတ်သီးပွတ်သပ်နဲ့ သနားစရာမျက်လုံးလေးတွေနဲ့ မော့ကြည့်နေတဲ့အမတော်လေးကြောင့် သူ့စိတ်တွေမခိုင်တော့ဘူး။

နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ပြီး သက်ပြင်းတစ်ချက်နဲ့အတူ  ​မှောင်ရိပ်ကျတဲ့လမ်းတစ်ဖက်ဆီ  ကားကိုထိုးရပ်လိုက်တယ်။ ပြီးတော့ဘေးကမိုင့်ကို စိတ်နဲ့မရသလိုလေးလှမ်းကြည့်လိုက်တယ်။ မိုင်ကသူ့လက်မောင်းလေးမှီပြီး သူ့ကိုမော့ကြည့်နေတာ။ ဆေးရှိန်နဲ့မျက်နှာလေးတွေနီပြီး ပေါင်ကိုအတင်းစေ့လို့ လက်သီးတွေဆုပ်ထားတာ ဖြစ်နေတဲ့ပုံလေးကချစ်စရာ။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now