Chapter 38

11.5K 399 47
                                    

~How can I hold you?~

💜 Unicode 💜

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တိုင်းက အေးချမ်းတဲ့နေရာတော့ မဟုတ်ဘူး။ အခုလဲ တိတ်ဆိတ်နေတဲ့ ရုံးခန်းက ပြောစရာစကားတွေမရှိလို့မဟုတ်သလို လူတိုင်းရဲ့ရင်မှာ ပန်းပွင့်နေလို့လဲမဟုတ်ဘူး။ ပြဿနာတက်သွားတဲ့ကိစ္စနဲ့ ရုပ်ရှင်အဖွဲ့အစည်းတစ်ခုလုံး ကုဋေရဲ့ရုံးခန်းထဲမှာ လာသောင်တင်နေရပြီ။ ရှေ့မှာထိုင်နေတဲ့ အငယ်လေးနဲ့ Jack Sprainက တစ်ယောက်ကိုတစ်ယောက်မျက်စောင်းခဲလို့ ရှေ့မှာလူကြီးတွေသာရှိမနေရင် ထထိုးကြတော့မည့်အသွင်။ ဒါ့အပြင်ဘေးက နေရောင်နဲ့ မဆီမဆိုင် သူ့မန်နေဂျာWizzကပါ နေရင်းထိုင်ရင်းအစစ်ကို လာထိုင်နေရပြန်နေသည်။ ကုဋေကတော့ စိတ်ပျက်လက်ပျက်နဲ့ ဘာမှမပြောနိုင်ပေမယ့် ဘေးကအဖွဲ့အစည်းဥက္ကဋ္ဌ Mardan Sprainကတော့ မဆိုစလောက်လေး ယောင်နေတဲ့ပါးနှစ်ဖက်နဲ့ သားဖြစ်သူကိုကြည့်ပြီး အငယ့်ကိုမျက်စောင်းခဲနေလေပြီ။

" အဟင်း....ဒီတော့ကာ......မိန်းကလေးကတောင်းပန်ခြင်းမရှိဘူးဆိုတော့ ကျုပ်ဘက်ကလဲ ကျေအေးပေးစရာမရှိပါဘူး။ အဲ့တော့ဒီMovieရဲ့ ခေါင်းဆောင်မင်းသမီးနေရာကထွက်ပြီး အနုပညာလောကထဲကထွက်သွားပါ။ မိန်းကလေးလိုလက်ပါတတ်တဲ့လူက ဒီနေရာနဲ့မထိုက်တန်ဘူး။ ဒါအပြစ်ဒဏ်ပဲ။  "

Mardanရဲ့စကားမှာ ကုဋေနဲ့ နေရောင်ကမျက်လုံးပြူးလို့ ငေါက်ခနဲထရပ်ကာ ပြာသလဲလဲနဲ့ဝင်တားကြလေသည်။

" ဆရာ....ကျနော်....ကျနော်ကပဲတောင်းပန်ပါတယ်။ ဒီတော့ကာ....ဟို....ကလေးကငယ်သေးလို့....."

" ဟုတ်ပါတယ် ဥက္ကဋ္ဌကြီး... Verroကငယ်ပါသေးတယ်။ ပြဿနာသေးသေးလေးကို လူကြီးတွေသိရင် ဘာမှကောင်းလာမှာမဟုတ်ဘူးလေ။ တကယ်က Jackကိုဘယ်လိုဆက်ဆံရမလဲဆိုတာ ကျနော်မပြောထားမိတာပါ။ ကျနော့်အပြစ်ပါ။ ကျနော့်ကိုပဲအပြစ်ပေး....။ "

" နင့်အပြစ်ကလာမှာပါ။ လောမနေနဲ့။ သောက်သုံးမကျတဲ့ကောင်။ ဘာပြဿနာသေးသေးလဲ။ ငါ့သားကိုသူရိုက်တဲ့ကိစ္စကို လူကြီးတွေမကလို့ တစ်ကမ္ဘာလုံးသိမှငါကျေနပ်မှာ။ "

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now