Double Trouble
💜 Unicode 💜
အငယ်လူကြီးကိုချစ်တယ်...."
နွေဦးငယ်....!"
အငယ်ဒီနေ့မှ ပွင့်ပွင့်လင်းလင်းမပြောရရင် ထပ်ပြောနိုင်တော့မယ်မထင်ဘူး။ ဒါကြောင့်ပြောပါရစေ။ အငယ် Markကိုချစ်တယ်။ သူဘယ်လိုလူလဲ ဘယ်လိုပုံစံလဲဆိုတာ အငယ်ကောင်းကောင်းသိတယ်။ သူဆိုးသွမ်းတာတွေ ယုတ်မာတာတွေလဲအငယ်သိတယ်။ ဒါပေမယ့် အဲ့တာအကုန်လုံးကိုအငယ်ချစ်တယ်။ အငယ်က ငယ်သေးလို့ Emm စိတ်မချဘူးဆိုတာသိတယ် ။ ဒါပေမယ့် အငယ်လူကြီးကိုယုံသလိုမျိုး Emm ကလဲယူံကြည်ပေးပါလား။ "
နွေဦးငယ်ရဲ့စကားစတွေက ကွဲအက်ထားတဲ့ ဖန်စတွေလိုပဲ။ အမ်းမရက်စ်ရဲ့ရင်ကို တစ်စဆိီထိုးနှက်အနာတရဖြစ်စေတယ်။ အရာရာတိုင်းမှသန်မာသလောက် ဒီညီမလေးနဲ့ပတ်သက်လာရင် ပျော့ညံံ့ပြီးအထိအရှလွယ်တဲ့သူ့မှာ အားနည်းချက်ဆိုလို့ ဒီကလေးမပဲရှိတာ။ အခုဒီအားနည်းချက်လေးက သူ့ကိိုတင်းတင်းကြပ်ကြပ်ကိုင်လှုပ်နေပြီ။
အငယ်.....နွေ....နွေဦးငယ်.....သမီးငယ်....Emmကို....Emmကိုအဲ့လိုမလုပ်ပါနဲ့.....ကလေးကို ပါးပါးဘယ်လောက်ချစ်တယ်ဆိုတာ သိရဲ့သားနဲ့ကွာ....ဒီကလေးလေးတစ်ခုခုဖြစ်သွားရင် Emm သေလိမ့်မယ်သမီးရယ်... နော်..Emmနဲ့လိုက်ခဲ့ပါနော် "
ကတုန်ကယင်နဲ့ဒေါသတွေကို ရင်ဘတ်ထဲထည့်သိမ်းထားတဲ့လူတစ်ယောက်ရဲ့စကားသံက ပုံမှန်ထက်ကို ပိုပြီးတုန်ယင်နေခဲ့ပါတယ်။ မျှော်လင့်ချက်တွေတစ်သီကြီးနဲ့ ယိုင်နဲ့ကာလျှောက်လာတဲ့သူ့ကို အငယ်လက်ကမ်းမကြိုမိတာ ပထမဦးဆုံးအကြိမ်ပါ။ သူ့လက်ကိုဆွဲဖို့ပြင်နေတဲ့ အကိုဖြစ်သူကို မျက်နှာလွှဲပြီး လက်ကိုဆွဲကာရုတ်သိမ်းလိုက်မိတယ်။
အခြားဘယ်နေရာမဆိုဖြစ်နိုင်တယ် Emm ဒါပေမယ့်...."
ခွန်းနွေဦးငယ်!!.....မင်းငါ့ကိုရက်ရက်စက်စက်တွေလုပ်စေချင်နေတာလား "
Emeras...နေပါဦး.."
မင်းပါးစပ်ပေါက်ကိုပိတ်ထားMark ငါမင်းအသံကိုတောင်မကြားချင်ဘူး......အငယ်....ငါ့ဒေါသကိုမဆွနဲ့...ငါနဲ့ပြန်လိုက်ခဲ့"
YOU ARE READING
မချိုပေမယ့်...မခါးပါဘူး
Romance𝗪𝗵𝗮𝘁 𝗸𝗶𝗻𝗱 𝗼𝗳 𝘁𝗵𝗶𝗻𝗴 𝗶𝘀 𝗰𝗮𝗹𝗹𝗲𝗱 𝗹𝗼𝘃𝗲? 𝗟𝗼𝘃𝗲 𝗶𝘀 𝘀𝘄𝗲𝗲𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝗰𝘂𝗽 𝗼𝗳 𝗹𝗮𝘁𝘁𝗲 𝗯𝘂𝘁 𝗯𝗶𝘁𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝘀𝗶𝗽 𝗼𝗳 𝗮𝗺𝗲𝗿𝗶𝗰𝗮𝗻𝗼。 အချစ်ဆိုတာ လက်တေးတစ်ခွက်ထက်လဲချိုနိုင်ပြီး အမေရိကာနိုတစ်ငုံ...