Chapter 30

13.3K 415 31
                                    

~ Hello Again~

💜 Unicode 💜

မနက်ခင်းနေခြည်နွေးနွေးမှာ ရင်ဘတ်ပေါ်မျက်နှာလေးအပ်ရက် အိပ်ပျော်နေတဲ့လူကြီးကြောင့် အငယ်လေးခမျာ နိုးနေသော်လည်းမထရတဲ့အခြေအနေ။ သူကိုယ်တိုင်ကအဝတ်အစားတွေ အပြည့်ဆိုပေမယ့် သူ့ကိုယ်ပေါ်ကလူကြီးကတော့ အပေါ်ပိုင်းဗလာနဲ့သာ။ သူ့လက်တွေကတော့  အငယ့်ကျောအောက်ဘက်နဲ့ ခါးသိမ်သိမ်ဆီမှာပွေ့ဖက်နေရာယူတယ်။ အင်း...အကျီအတွင်းဘက်မှာပေါ့။ မျက်စိရှေ့က ခပ်နုနုဆံသားလေးတွေကို လက်နဲ့ထိုးဖွပွတ်သပ်ပေးရင်း အိပ်ပျော်နေတဲ့အဲ့ဒီလူကြီးကို ဒီကလေးမကချော့သိပ်ရတယ်ရယ်။

သို့ပေမယ့် နေမင်းရဲ့ရောင်ခြည်ထက် နေရောင်ဆိုတဲ့လူကြီးရဲ့ကိုယ်ငွေ့နဲ့ အငယ်ဆိုတဲ့ကလေးမှာ ပိုလို့နွေးရတယ်။ မနေ့ညက ဘာစကားမှမပြောဖြစ်ပဲ နူးနူးညံ့ညံ့ပွေ့ဖက်ရုံ အိပ်ဖြစ်ကြတာမို့ သူတို့အခြေအနေကလဲ အဆင်ပြေသွားသလား မပြေသေးသလား မပြတ်သားတဲ့အခြေအနေသာ။ အခုနေအဲ့ဒီလူကြီးနိုးလာရင်တောင် အငယ့်မှာ ဘာစကားစပြောရမှန်းသိမနေခဲ့ပါ။

"အင်းး......"

ကိုယ့်အတွေးနဲ့ကိုယ် အကြပ်ရိုက်နေတုန်း ရင်ဘတ်ပေါ်ကလူကြီးက လှုပ်စိစိနဲ့နိုးလာပါလေတယ်။ နိုးတာနဲ့သူစပြီးလုပ်တဲ့အရာက အငယ့်ရင်ဘတ်ပေါ်မေးလေးထောက်လို့ အိပ်ချင်မူးတူးမျက်လုံးတွေနဲ့ လာမော့ကြည့်တာပဲ။ ပြာလဲ့လဲ့မျက်လုံးတွေက ​မှေးစင်းစင်းနဲ့ပုတ်ခတ်ပုတ်ခတ်ကြည့်နေတယ်။ ပြီးတော့ သူ့ဘာသာသဘောတကျနဲ့ပြုံးရင်း အကျီခါးတိုလေးအောက်က လှစ်ဟပေါ်နေတဲ့ဗိုက်ကလေးကို ငုံ့ပြီးခပ်ဖွဖွဖိနမ်းလိုက်သေးသည်။ သူ့နှုတ်ခမ်းသားနုနုရဲ့အထိအတွေ့အပြင် မေးရိုးသွယ်သွယ်က ဟိုတစ်စသည်တစ်စ နှုတ်ခမ်းမွေးရေးရေးက အငယ့်ဗိုက်ဆီစူးခနဲလာထိုးနေတာမို့ ယားတတ်တဲ့အငယ်က မနေတတ်စွာပဲတွန့်ခနဲတုန်သွားရသည်။

"ပြွတ်...အဟင်း.....အငယ်အ​စောကြီးနိုးနေတာလား။"

ရုတ်တရက်သူ့အမေးမှာ အငယ့်ခမျာဘာဖြေရမှန်းမသိ ကြောင်အမ်းအမ်းနဲ့ ပြတင်းပေါက်ဆီလှည့်ကြည့်လိုက်တယ်။ ပြတင်းတံခါးဆီက အလင်းရောင်နုနုက ကမ်းစပ်နဲ့နီးတဲ့နေရာမို့လားပဲ နည်းနည်းလေးမှမနွေးတဲ့အပြင် မနက်ခင်းကပိုပြီးအေးသလိုလို။ အငယ်ကချက်ချင်းပဲ သူ့အကျီထဲက နေရောင့်လက်တွေကိုဆွဲထုတ်လို့ သူ့ရင်ဘတ်ပေါ်ကလူကြီးကို အတင်းပင့်တင်ပြီး ဘေးဘက်ကိုတွန်းထုတ်ပစ်လိုက်တယ်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now