Chapter 13

9.4K 417 40
                                    

~ Regeneration ~

💜 Unicode 💜

နေ့လည်ခင်းမှာ မိုင်တစ်ယောက် ဖရဲသီးတွေကျိတ်စက်ထဲထည့်ဖျော်ပြီး ဖျော်ရည်တစ်ခွက်နဲ့ တစ်ယောက်ထဲအေးအေးလူလူ အပန်းဖြေနေလေသည်။ အပန်းဖြေသည်ဟု ပြောရခြင်းအကြောင်းအရင်းကတော့ မနက်တိုင်း အမွှာလေးသုံးကောင်ကို ထိန်းရတဲ့တာဝန်က သူနဲ့ရာနိုနှစ်ယောက်သားရထားတာမို့ မနက်မနက်ဗျာများရတာ အတော်မလွယ်ကူလှပေ။ အခုလဲ ဘေးမှာလူမရှိလို့ တိတ်တိတ်ဆိတ်ဆိတ်အပန်းဖြေနေတုန်း အပေါ်ထပ်ကတဒုန်းဒုန်းနဲ့ ပြေးဆင်းလာတဲ့အသံက နားထဲအတောင့်လိုက်ဝင်လာရပြီ။

အာ...ဒီ.......ဘယ်သူလဲဒီလောက်ပြေး....."

ခွန်မိုင် "

ဘာတုန်း"

ဒီမှာကြည့်"

ဝုန်းဒိုင်းပြေးဆင်းလာတဲ့ရာနိုက ဆိုဖာအမှီကိုခွကျော်လို့ မိုင့်နားကိုဘုတ်ခနဲလာထိုင်လေသည်။

ဟဲ့ဟဲ့...ဖြေးဖြေး....ငါတို့နှစ်ကောင်လုံး နောက်ကိုလန်သွားမှဖြင့် မာလကီးယားနေမယ်"

ရာနိုက သူ့အဆူအငေါက်ကို အာရုံလာဟန်မပေါ် သူ့ဖုန်းကိုသာ အတင်းထိုးပေး၍ ပြနေလေသည်။သူဒီလောက်ပြနေတာကိုကြည့်လိုက်တော့ လေဆိပ်ကရိုက်ကွင်းမဟုတ်တဲ့ ရိုင်းကွင်းတစ်ခုဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်သာ။

ဒီမှာ"

အော်.....ငါကဘာများလဲလို့.....ငါနာမည်ကြီးသတင်းတွေစိတ်မဝင်စားဘူးပြန်ယူသွား။"

မိုင်ကစိတ်ရှုပ်ရှုပ်နဲ့ သူ့ကိုတံတောင်နဲ့တွန်းထုတ်ပြီး တီဗီရီမုကိုသွားကိုင်လေသည်။ ပြနေတာကိုသေချာမကြည့်လို့ စိတ်မရှည်လာတဲ့ရာနိုက ဘုဆတ်ဆတ်နဲ့ပဲ တီဗီရီမုကိုင်နေတဲ့ မိုင့်လက်ကို အပေါ်ကနေအုပ်မိုးပြီး သွားကိုင်လိုက်တယ်။

မဟုတ်ဘူး ဒီမှာသေချာကြည့်ပါဆို"

မိုင်တစ်ယောက် သူ့လက်ပေါ်ကဖြူသွယ်သွယ်လက်တွေကိုကြည့်ပြီး ရာနို့ကိုပြန်မော့ကြည့်လိုက်မိတယ်။ ဖြူဖွေးပြီးသွယ်လျှလွန်းတဲ့ အသွင်သဏ္ဍန်နဲ့မလိုက်မဖက် သူ့လက်တွေကကြမ်းလွန်းတယ်။ ဒါက ပါချရာသခင်လေးတဲ့လား။ သူကြည့်နေတာအတော်ကြာသွားတယ်ထင် ဘေးက သူ့ကိုဖုန်းထိုးပြနေတဲ့ ရာနိုကပြန်မော့ကြည့်လာပြီး စိတ်မရှည်စွာပဲ မျက်မှောင်ကြုတ်တယ် ။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now