Chapter 36

13.2K 430 85
                                    

~ Love is a beauty ~

💜 Unicode 💜

Cut....!...Cut....Cut...! Mark....!"

ဒီအသံကတော့ ရိုက်ကွင်းတစ်လျှောက်လျှမ်းလျှမ်းတောက်တဲ့ ဒါရိုက်တာကြီးရဲ့အသံသာ။ သူ့မှာမနက်မိုးလင်းရိုက်ကွင်းစကတည်းက သူ့မင်းသား Mark Devlin နဲ့ တိုင်ပတ်နေခြင်းဆိုတာ Action နဲ့ cutကိုချည်း ဒီနေ့ထဲမှာ၁၂ခေါက်လောက် အာပေါက်အောင် အော်ပြီးပြီဖြစ်ပါ၏။

မင်းသားရေ......ဟမလေး.....ဘယ်.....ဘယ်ကိုကြည့်နေတာလဲ။ ဒီမှာရုပ်ရှင်ရိုက်နေတာရော သိသေးရဲ့လား another universe ကိုရောက်သွားတာလား။"

(Iris - ကျမတို့ ယူနီဗာ့စ်ကိုရောက်နေတာပါ ဒါရိုက်တာကြီး တစ်ပတ်လောက်ခေါ်ထားလိုက်ဦးမယ် ဘိုင်းရ်)

နေရောင်ကတော့အမောတကောနဲ့ သူ့ဆီပြေးလာပြောနေတဲ့ဒါရိုက်တာကြီးဆီ စိတ်တွေရောက်နေတဲ့ပုံမပေါ်။ ခပ်လှမ်းလှမ်းက အရပ်အမောင်းကောင်းကောင်းနဲ့ ဆရာသမားGunကို ချစ်စဖွယ်ခေါင်းလေးမော့လို့ စကားပြောနေတဲ့ သူ့ကလေးမဆီကိုသာ နာမ်တစ်ခုလုံးလွင့်နေလေရဲ့။ ဒီဘက်ကဒါရိုက်တာကြီးဟောသမျှတရားကို သူ့မှာသာဓုတောင်မခေါ်နိုင်ရှာ။ မျက်မှောင်ကြီးကြတ်လို့ သူ့ကလေးမက Gunကိုမျက်လုံးချင်းဆုံကြည့်ပြီး ပြုံးပြလိုက်ရင်ကို သူ့မှာလက်တွေတုန်ပြီး အံကိုကြိတ်ကြိတ်ထားရတာ ပါးစောင်တွေကိုညောင်းလို့ ။

Mark...! Mark..! ဟားး...ဟဲ့ Wizz လုပ်ပါဦးနင့်မင်းသားကို။"

ဒါရိုက်တာကြီးခမျာ သူ့နှဖူးသူတဘတ်ဘတ်ထုလို့ ဘေးကရပ်နေတဲ့Wizဆီ အကူအညီလှမ်းတောင်းရလေသည်။ Wizကလဲ ဒါရိုက်တာစိတ်ကျေနပ်အောင် ခေါင်းသာညှိတ်လိုက်ရပေမယ့် ဖြစ်နေတဲ့နေရောင့်ရဲ့အခြေအနေကို သိပ်ပြီးသဘောကျဟန်မပေါ်။ တအံ့တသြဖြစ်နေတာဆိုပိုမှန်မှာပေါ့။ အရင်ကဆိုအလုပ်မှအလုပ်ဖြစ်နေတဲ့ အလုပ်သရဲMarkက Shooting ချိန်ဆိုဖုန်းတောင်မကြည့်ဘဲကို။

အလုပ်အရင်ပြီးဖို့ပဲ အမြဲဦးတည်ပြီးအလုပ်လုပ်တတ်တဲ့ လူကြီးကအခုမှာတော့ အလုပ်ကိုတောင်အာရုံမရောက်နိုင်ပဲ တစ်ဖက်ကကလေးမနဲ့Gunကို ပျက်ယွင်းတဲ့မျက်နှာထားနဲ့ စူးစိုက်ကြည့်နေတာ ဟိုကနှစ်ယောက်က ပေါက်တတ်ရင်ထုတ်ချင်းထိုးပေါက်သွားလောက်ပြီ။ သူကြည့်နေတာကို အဲ့သည်နှစ်ယောက်ကသာမသိတာ ရိုက်ကွင်းတစ်ခုလုံးကလူတွေကတော့ နေရောင်ကြီးကို ကွက်ကြည့်ကွက်ကြည့်နဲ့ ကြည့်ကုန်ကြပြီ။ မနေနိုင်တဲ့ Wizကပဲ သူ့ကိုအသိပေးရ​တော့မည်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now