Chapter 7

8.8K 396 90
                                    

~Perfect Guest~

💜 Unicode 💜

ဒီနေ့ဆိုမြန်မာသွားဖို့ ရည်ရွယ်ချက်နဲ့ လေဆိပ်ရောက်တာ နှစ်ခါမြောက်ပြီ။ ကားကြပ်မှာဆိုးလို့ နဂိုအချိန်ထက်ပိုပြီး စောစောရောက်ခဲ့တာမို့ နှစ်ယောက်သားကားနောက်ခန်းမှာ တစ်ယောက်တစ်ထောင့် ထိုင်နေကြပါလေသည်။ ​ရှေ့ကလူးဝစ်နဲ့ အမ်းမရက်စ်သည်လဲ နောက်ကစိတ်ကောက်နေတဲ့ သူ့ညီမလေးနဲ့ ဟိုကစိတ်ကောက်လို့ကောက်မှန်းမသိ သူ့ဘာသာဂိမ်းဆော့နေတဲ့လူကြီးကိုကြည့်ပြီး သက်ပျင်းခဏခဏချရတာ မသက်သာလှ။

"အငယ် မုန့်စားဦးမလား"

"ဟင့်အင်း"

" စားလိုက်ပါအငယ်လေးရဲ့ Emmရဲ့ညီမလေးကလိမ္မာပါတယ် မနက်ကလဲ နို့တစ်ခွက်ပဲသောက်ထားတာမလား ဆာနေမှာပေါ့။ "

" မဆာဘူးရတယ် "

" ဟင်းးး "

အမ်းမရက်စ်မှာလဲ သူ့ညီမကိုကြည့်ပြီး သက်ပြင်းချလို့ အော်တောင်ငိုချင်နေရပြီ။ လူးဝစ်ကတစ်ရှူးဘူးထဲက တစ်ရှူးလေးတစ်ရွက်ကို သူ့ဆရာဆီကမ်းပေးတော့ အမ်းမရက်စ်ကသူ့ကို မျက်စောင်းခဲလေတယ်။ လူးဝစ်ခမျာ သူ့ဆရာရဲ့ကြောက်စရာမျက်စောင်းကြီးမှာ တစ်ရှူးကမ်းပေးနေတဲ့လက်လေးတောင် တွန့်သွားရသည်။

" ဟို....ဆရာငိုချင်နေတယ်ထင်လို့ပါ "

" မင်းဟာမင်းငို....ဖယ်စမ်း....."

သူတို့ပြောနေတုန်းမှာပဲ အငယ်လေးက တစ်ဖက်ကားတံခါကိုဖွင့်ပြီး ကောက်ဆင်းသွားလေသည်။ လူးဝစ်သည်လဲ သူ့မမလေးနောက်ကိုအပြေးလိုက်ပြီး အိတ်လာထုတ်ပေးရလေသည်။ အမ်းမရက်စ်တစ်ယောက် ဘေးကပြောတာကိုဘာမှအာရုံရပုံမပေါ်တဲ့ နေရောင်ကိုမျက်မှောင်ကြုတ်ကာပဲကြည့်ရင်း အဲ့သည်ဂိမ်းဆော့နေတဲ့လက်ကို သွားတို့လိုက်တယ်။

" ဟေ့ကောင်"

" အာ...ကျစ်....ဘာလဲကွ ဒီမှာ Amberကိုင်နေတာ သေတော့မယ် "

" မဟုတ်ဘူး မင်းဘာလုပ်နေတာလဲ "

" Genshin ​Impactဆော့နေတာလေ "

" အဲ့တာမေးတာမဟုတ်ဘူး မင်းဒီနေ့မသွားတော့ဘူးလား "

" သွားမလို့ပဲဒီထိရောက်နေပြီကို "

မချိုပေမယ့်...မခါးပါဘူးOnde histórias criam vida. Descubra agora