Chapter 16

8.2K 452 98
                                    

~ I miss you ~

💜 Unicode 💜

မင်းနာမည်အပြည့်အစုံပြော"

Veronica Landon ပါ"

ဟမ်"

သူ့စကားမှာ ဘေးကဒိုင်တစ်စုမှာတော့ Gunအပါအဝင်ကျန်တဲ့ ဒိုင်တစ်စုနဲ့ သင်တန်းသူအားလုံးကပါ သွေးပျက်လုနီးနီး ထိတ်လန့်ကုန်ကြပေမယ့် ကုဋေကတော့ သူမကိုငြိမ်ငြိမ်ကြီးသာကြည့်နေမိသည်။ ဒီအချိန်မှာ မိုင်ကတော့ ရင်ဘတ်ထဲတုန်လှုပ်စွာနဲ့ မျက်လုံးအပြူးသားဖြစ်သွားရပြီ။

( Landon တဲ့လား....မဟုတ်မှ.....Emeras ရဲ့ညီမလား။ )

သူ့ဘာသာစဥ်းစားနေတုန်း လွန်ခဲ့တဲ့နှစ်က ဇေရဲ့မွေးနေ့ပြင်နေတုန်း သူ့အမပါးစပ်ကထွက်လာတဲ့ အမည်နာမတစ်ခုကို သူဇဝေဇဝါဖြစ်ဖူးကြောင်းသတိရမိတယ်။

( အော် Mr.Emm ဟုတ်ကဲ့ရှင့်)

(Emm....Emmဆိုတာ....Emeras ကိုပြောတာပဲ)

အမည်နာမတစ်ခုကြားရုံနဲ့
တင် လက်တွေတဆတ်ဆတ်တုန်လာပြီး လက်ထဲကိုင်ထားတဲ့ ဘောပင်ကိုအားပြင်းပြင်းနဲ့ဖိထားလိုက်မိတယ်။

ဒေါက်......*

မိုင့်လက်ထဲကဘောပင် နှစ်ပိုင်းကျိုးသွားတော့ ထွက်လာတဲ့အသံကအတော်ကျယ်တယ်။ တဝင်းလုံးတိတ်ဆိတ်နေတာမို့လဲ ပါတာပေါ့။ အသီးသီးမိုင့်ဘက်ကိုလှည့်ကြည့်ကြတော့ လက်တွေတဆတ်ဆတ်တုန်ပြီး တုန်လှုပ်နေတဲ့မိုင့်ကိုပဲ တွေ့လိုက်ကြလေရဲ့။  ဒီချိန်မှာကုဋေကတော့ အမြဲတမ်းအခြေအနေကို ဝင်ထိန်းတဲ့သူပီပီ စကားလွှဲရပါတော့မည်။

အာ.....Landonဆိုတာ Canada က Masua Landonရဲ့ တူမကိုပြောတာလား။ အင်း သိပါပြီ။"

ဟို....မ....."

ဘာပြောစရာရှိသေးလို့လဲ မဟုတ်မှ မင်းက Emeras Landonရဲ့ ညီမလို့ပြောမလို့လား။"

ဟားဟား"

ကုဋေရဲ့စကားမှာ ဟိုမိန်းကလေးတစ်စုဆီကရယ်သံထွက်လာတော့ ကုဋေကသူတို့ဘက်ကိုမျက်စောင်းနဲ့ တစ်ချက်ကြည့်လိုက်တယ်။ ထိုတစ်စုကလဲ အေဂျင်စီဥက္ကဋ္ဌကိုကြောက်ရတဲ့သးတွေမို့ ချက်ချင်းကိုတိတ်သွားကြလေသည်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now