Chapter 12

9.1K 393 127
                                    

~ Don't say goodbye ~

💜 Unicode 💜

မနက်မိုးလင်းအလင်းရောင်စူးစူးမှာ နေရောင်တစ်ယောက် ကုတင်ပေါ်မှောက်ရက်လေးအတိုင်း လူးလွန့်လာလေသည်။ မျက်လုံးကခေါင်းကိုက်နေတဲ့အရှိန်နဲ့ ဖွင့်မနိုင်တာမို့ ​မှေးမှေးလေးသာအားစိုက်ဖွင့်ရင်း ဘေးကိုခေါင်းထောင်ကာ လိုက်ကြည့်မိတယ်။ ဒါEmmရဲ့အခန်းပဲ။ စိတ်အေးသွားတဲ့စိတ်နဲ့ သက်ပြင်းချကာပဲ ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး ပြန်မှောက်ချလိုက်တယ်။ ကိုက်ခဲနေတဲ့အာရုံထဲမှာမနေ့က ဖြစ်စဥ်တွေတစ်စဆီစီဖြစ်တယ်။

Emmဆီသွားတယ်။ အရက်သောက်ကြတယ်။ အောက်မှာရေဆင်းသောက်တယ်။ ပြီးတော့ဝါရံတာ....."

ဝါရံတာဆိုတဲ့အာရုံမှာ နေရောင်ငေါက်ခနဲထထိုင်မိတယ်။ ဝိုးတဝါးမြင်ကွင်းထဲ ဝါရံတာမှာခပ်ငယ်ငယ် မိန်းကလေးတစ်ယောက်ကိုတွေ့တယ်။ အထိအတွေ့ အနံ့အသက်တွေ အသံတွေ အနားမှာတစ်ရစ်ရစ်ဝဲနေတဲ့ ခံစားချက်တွေရယ်။ ထိတ်ခနဲလန့်သွားတဲ့စိတ်က သူ့ဆီမှာ။

ဝါရံတာမှာရပ်နေတာ ဘယ်သူလဲ ။"

(Markကိုချစ်တယ်)

အား....ဘာလဲ....ဘယ်သူလဲ"

ဝိုးတဝါးအာရုံထဲ ရုတ်တရက်ပေါ်လာတဲ့အသံမှာ သူအလန့်တကြားဖြစ်သွားရပြီ။ ချက်ချင်းပဲ ခေါင်းကိုဖိနှိပ်ရင်း သူ့အသိစိတ်တွေ ပြန်ကောက်စီမိတယ်။

လွန်ခဲ့သော ညက.......*

ချစ်တယ်....Markကိုချစ်တယ်။ "

နေရောင်မျက်လုံးကို သေချာမှိတ်ချပြီး ပြန်ဖွင့်ကြည့်တယ်။ မသဲမကွဲမှောင်နေတဲ့မြင်ကွင်းမှာ သူ့ပေါင်ပေါ်ရောက်နေတာ ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးတစ်ယောက်ဆိုတာပဲ သူသိတော့တယ်။ နေရောင်မျက်မှောင်ကြုတ်ပြီး မြင်ကွင်းကိုအားစိုက်ကြည့်လိုက်တယ်။ သူ့ရှေ့မှာ ဆံပင်ပုခုံးထောက်ကလေးနဲ့ ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်။ အဲ့သည် သူ့ပေါင်ပေါ်ခွထိုင်ထားတဲ့သူက အငယ်လေးမဟုတ်ပဲ...... ရိပ်တဲ့လေ။

ဟိုးအရင်ထဲကချစ်နေတာ။ တကယ်ကို...အရမ်းချစ်...."

ရိပ်။"

မချိုပေမယ့်...မခါးပါဘူးOnde histórias criam vida. Descubra agora