~ Ms.Landon ~
💜 Unicode 💜
လူးဝစ်တစ်ယောက် နာရီကိုငုံကြည့်ငုံ့ကြည့်နဲ့ စောင့်နေရတာ မသက်သာလှပေ။ ထွက်လာသင့်တဲ့အချိန်ထက် အများကြီးကျော်လွန်နေတာမို့ ဘာများဖြစ်လဲလို့စိတ်တပူပူနဲ့ အထဲတောင်ပြေးဝင်သွားချင်မိပြီ။ အေးစိမ့်နေတဲ့ရာသီဥတုထဲ အပြင်မှာရပ်စောင့်နေရတာကလဲ မသက်သာနဲ့ သူ့ခမျာအတော်လေးဒုက္ခရောက်ရတယ်။ ရုံးတံခါးဝကို လှည့်ကြည့်လှည့်ကြည့်လုပ်နေတုန်း မှန်တံခါးအထဲဘက်က မိန်းကလေးတွေယောကျ်ားလေးတွေတစ်အုပ်စုကြီး ထွက်လာတာကို ရိပ်ကခနဲတွေ့လိုက်လေသည်။
လူးဝစ်ကချက်ချင်းပဲ နံရံအကွယ်မှာရပ်ပြီး လှမ်းချောင်းကြည့်လိုက်တယ်။ တချို့ကလဲတရှုံ့ရှုံ့ငိုလို့ တစ်ချို့ကလဲချော့မြူလို့ တစ်ယောက်တစ်ပေါက် စကားသံတွေနဲ့ အုပ်အုပ်ကျက်ကျက်ထွက်လာကြတာ။ သူတို့အားလုံးထွက်သွားတော့မှ အနောက်က အုပ်စုတစ်စုထွက်လာပြန်တယ်။ ယောကျ်ားလေး ၂ယောက် မိန်းကလေး ၉ ယောက် အုပ်စုအုပ်စုလိုက် စကားပြောလာကြပေမယ့် အငယ်လေးကတော့တစ်ယောက်ထဲ ထောင့်လေးကနေမှုန်ကုတ်ကုတ်နဲ့ထွက်လာလေတယ်။
မျက်နှာလဲမလှဘူး။ မပါဘူးထင်တယ်။ "
လူးဝစ်သက်ပြင်းချပြီး ချက်ချင်းပြေးသွားဖို့ပြင်တော့ နောက်ကထွက်လာတဲ့လူက အငယ့်ကိုချက်ချင်းလက်ဖမ်းဆွဲလိုက်တယ်။ လူးဝစ်လဲ ခပ်သွက်သွက်ပဲနံရံနောက်ကို ပြန်ဝင်လိုက်တယ်။ အဲ့လောက်အဝေးကနေ သူ့မမလေးကိုတော့ မှန်းလို့ထိတာမို့မြင်ရပေမယ့် ကျောခိုင်းထားတဲ့ထိုလူကိုတော့ သေချာမမြင်ရပေ။ သူ့ပုံစံကဘေးပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တတ်တဲ့ပုံစံ။ အခုလဲအငယ့်လက်ကို ခပ်တင်းတင်းဆွဲထားတာ ဘေးကပြိုင်ပွဲဝင်တစ်စုကတောင် လှည့်ကြည့်နေကြပြီ။ သူကလုံးဝဂရုမစိုက်တဲ့အသွင်နဲ့ အတင်းရအောင် ဆွဲခေါ်သွားလေသည်။
အဲ....ဒီလူ...ဘယ်သူလဲဟ "
လူးဝစ်ကချက်ချင်းပဲပြေးသွားပြီး ထိုပြိုင်ပွဲဝင်တွေနားကပ်သွားလိုက်တယ်။
တဆိတ်လောက်ဗျ စောနက ကောင်မလေးကိုဆွဲခေါ်သွားတာ ဘယ်သူလဲဟင် ဒီလောက်စကပ်တိုတိုနဲ့ကောင်မလေးလေ။"

BẠN ĐANG ĐỌC
မချိုပေမယ့်...မခါးပါဘူး
Lãng mạn𝗪𝗵𝗮𝘁 𝗸𝗶𝗻𝗱 𝗼𝗳 𝘁𝗵𝗶𝗻𝗴 𝗶𝘀 𝗰𝗮𝗹𝗹𝗲𝗱 𝗹𝗼𝘃𝗲? 𝗟𝗼𝘃𝗲 𝗶𝘀 𝘀𝘄𝗲𝗲𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝗰𝘂𝗽 𝗼𝗳 𝗹𝗮𝘁𝘁𝗲 𝗯𝘂𝘁 𝗯𝗶𝘁𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝘀𝗶𝗽 𝗼𝗳 𝗮𝗺𝗲𝗿𝗶𝗰𝗮𝗻𝗼。 အချစ်ဆိုတာ လက်တေးတစ်ခွက်ထက်လဲချိုနိုင်ပြီး အမေရိကာနိုတစ်ငုံ...