Chapter 54

4.4K 214 55
                                    

~ 99 Problems, 1 Solution  ~
💜 Unicode 💜

မနက်မိုးမလင်းနေတောင်မထွက်သေးတဲ့အချိန် ဒီဇင်ဘာလရဲ့ ချမ်းစိမ့်နေတဲ့အအေးဒဏ်ကိုတောင် အာရုံမရောက်နိူင်ပဲ အငယ်လေးအိမ်နေအကျီပါးပါးလေးနဲ့ အိမ်ကထွက်ခဲ့မိတယ်။ "ဆရာဆုံးပြီ"ဆိုတဲ့ လူးဝစ်ရဲ့ဖုန်းကောလ်ကို လက်ခံရပြီးချင်းချင်း လက်ထဲကပန်းကန်လေးလွတ်ကျသွားသလို သူ့ဘဝရဲ့အလင်းပြမီးအိမ်ကြီးလဲကျကွဲသွားခဲ့ပါသည်။ မှောင်မိုက်သွားတာ ဘာကိုမှမမြင်နိုင်တော့လို့ သူ့နည်းတူပူထူနေတဲ့နေရောင်ကပဲ စိတ်ကိုတင်းကာ အခင်းနေရာကို ကားမောင်းလာခဲ့ပေးလေသည်။

အခင်းနေရာရောက်တော့ စည်းတွေတားထားစည်းဝိုင်းထဲမှာ မီးလောင်ထားတဲ့ကားတစ်စီးနဲ့အတူ ရဲတွေစုံထောက်တွေနဲ့ သတင်းထောက်တွေကြိုရောက်နေပြီ။ မီးကျွမ်းနေတဲ့ကားရဲ့ခပ်လှမ်းလှမ်းဘေးတစ်ဖက်မှာတော့ အသက်မရှိတော့သလို ရပ်နေတဲ့သူကလူးဝစ်။ အငယ်လေးကားပေါ်ကနေတံခါးတောင်မပိတ်နိုင် ဖိနပ်တောင်မစီးနိုင်ဘဲ ပြေးဆင်းသွားမိတယ်။ ပြီးတော့ အဲ့သည်မီးကျွမ်းနေတဲ့ကားဆီမချင့်မရဲကြည့်ရင်း နီရဲစိုစွတ်နေတဲ့မျက်ဝန်းတွေနဲ့ လူးဝစ်နားကပ်သွားမိတယ်။

လူးဝစ်..."

သူ့အသံကြောင့်လှည့်ကြည့်လာတဲ့လူးဝစ်က အရုပ်ကြိုးပျက်အနေအထားနဲ့ သူ့သခင်မလေးဘက်ကို လှည့်ကြည့်လာတယ်။ လူးဝစ်ကိုအဖြစ်အပျက်အားလုံး မေးဖို့အားယူနေတုန်းမှာ လှုပ်လှုပ်ရှားရှားစစ်ဆေးနေတဲ့ အခင်းနေရာထဲကရဲတွေနဲ့ သူတို့ဝိုင်းအုံစစ်ဆေးနေကြတဲ့အရာတစ်ခုကို လှမ်းတွေ့လိုက်မိတယ်။ လူးဝစ်ရဲ့နောက်က သေချာပေါက် ရဲတွေစစ်ဆေးနေတဲ့မီးလောင်ထားတဲ့ Dead body တစ်ခု။ လူးဝစ်က သူ့ရဲ့အားနည်းမှူတွေကိုမြိုချပြီး ရဲတွေစစ်ဆေးနေတဲ့နေရာနား သွားဖို့ပြင်နေတဲ့အငယ်လေးကို လှမ်းဆွဲကာဖမ်းလိုက်လေသည်။

မမလေး...."

ဒီအချိန်မှာအငယ်ဘာကိုမှဂရုမစိုက်နိုင်တော့ဘူး ကားပေါက်ကွဲမှုနဲ့အတူ မီးထဲပါသွားတယ်ဆိုတဲ့သူက သူ့အကိုမဟုတ်ပါဘူးဆိုတာကိုပဲ သူအတည်ပြုချင်တယ်။ လမ်းတစ်လျှောက်လုံး မျက်ရည်တစ်စက်မှမကျရသေးတဲ့မမလေးက ဘယ်လောက်တောင်စိတ်ကိုတင်းပြီးလာခဲ့တယ်မသိ မျက်ခမ်းစပ်တွေနီရဲကာ တစ်ကိုယ်လုံးတုန်ရီနေ၏။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now