Chapter 34

10.9K 365 66
                                    

~ Take me to you ~

💜 Unicode 💜

တိတ်ဆိတ်နေတဲ့ ညဦးပိုင်းမှာ တီဗီကလာနေတဲ့ ခပ်တိုးတိုးအသံတစ်ချို့ကလွဲရင် အပ်ကျသံတစ်စတောင်ထပ်မကြားရပါ။ "မထိန်းနဲ့လေ"လို့ အရဲစွန့်ပြီးပြောလိုက်ပေမယ့် သူ့လူကြီးကမျက်လွှာချရင်း သူ့ကိုငုံ့မိုးလို့ ပြုံးပြုံးကြီးကြည့်နေတာ လှုပ်တောင်မလှုပ်ဘူးရယ်။ အန္တရာယ်များတာတွေ သူလုပ်မိတာသိပေမယ့် အဲ့ဒီလူကြီးရဲ့ကျော့ကွင်းကနေbသူမလွတ်နိုင်ဘူး။ မရုန်းချင်မိတာဆို ပိုမှန်လိမ့်မှာပေါ့။

ညှို့ယူတတ်တဲ့ပင်လယ်ပြာရောင် မျက်ဝန်းတွေက ​မှေးစင်းလို့ ရင်ဘတ်ထဲကကလေးမကို ငုံ့မိုးကြည့်နေတာ ယိမ်းယိုင်ချင်စရာ။ သူ့အကြည့်တွေစံချိန်ချိုးလာတော့ အငယ်လေးကမျက်လုံးလေးမှိတ်တုတ်တုတ်နဲ့ မျက်နှာလေးတွေနီလို့ အကြည့်လွှဲသွားတယ်။ ဒါကိုတွေ့တော့နေရောင်က ခေါင်းလေးစောင်းလို့ လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းစွန်းတွေ ကော့တက်သွားတဲ့ထိပြုံးတယ်။ အဲ့ဒီအပြုံးကြီးကလည်း ရင်ဖိုစရာ။

သူ့ပေါက်စလေးက သူ့ဟာသူပြောပြီးရှက်သွားပြီဆိုတာ သူသိနှင့်နေတာကိုး။ တကယ်လဲရှက်ကိုးရှက်ကန်းနဲ့အငယ်လေးက စကားလွှဲဖို့ စကားစရှာနေတယ်။ ညှို့ချက်ပြင်းတဲ့အကြည့်တွေကို ဝေ့ဝိုက်ရှောင်ရင်း သူဘာစပြောရမလဲဆိုတာ လိုက်တွေးနေပါလေရဲ့။ နေရောင်ကလဲသူ့ကလေးမဘာပြောဘာမလဲဆိုတာကို ငြိမ်ငြိမ်လေးစောင့်ရင်း တစ်စိမ့်စိမ့်ကြည့်နေတယ်။ နောက်ဆုံးတော့ လွှဲချစရာစကားတွေ့ပြီ။

Mark"

ဗျာ"

ချက်ချင်းပဲအပြုံးကြီးနဲ့ပြန်ထူးလာတဲ့ အဲ့ဒီလူကြီးရဲ့အသံကညင်သာတယ်။ သူခေါ်မှာကို အမြဲတမ်းအသင့်စောင့်နေတဲ့သူလိုပဲ။ အငယ်ကသူ့ရဲ့ပြန်ထူးသံလေးမှာ ပြုံးချင်ချင်ဖြစ်ဖြစ်သွားတဲ့ နှုတ်ခမ်းကိုမပြုံးမိအောင်အသာလေးဖိကိုက်လို့ မျက်လုံးလေးတွေ တောင်ကြည့်မြောက်ကြည့်လုပ်ပစ်လိုက်တယ်။

ဟို....ဟိုဟာလေး....."

ဘယ်ဟာလေးတုန်း "

Markရဲ့ခါးစောင်းမှာလေ"

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now