Chapter 2

12.9K 604 72
                                    

~Adolescent Mind~

💜 Unicode 💜

မနက်စောစောစီးစီး မျက်နှာပေါ်က ဝင်လေထွက်လေကြောင့် နေရောင်တစ်ယောက်စိတ်အနှောင့်အယှက်ကြီးစွာပဲနိုးလာလေသည်။ အနှောင့်ကလေးကတော့တခြားသူမဟုတ် မနေ့ညကစောင်ခြုံပေးတာကို သူ့လက်အတင်းဆွဲထားခဲ့တဲ့အသေးလေးသာ။ နေရောင့်ခမျာ ညကြီးမင်းကြီးခေါင်းအုံးလဲမရှိစောင်လဲမရှိနဲ့ ကြမ်းပြင်ပေါ်အိပ်ဖို့ကြံကာမှ ထိုကလေးကိုစောင်ခြုံပေးမိတာ ငါးပါးမှောက်ရတဲ့အဖြစ်။

လက်ကိုအတင်းဆွဲထားတာမို့ ပြန်ယူလို့လဲမရ နိုးသွားမှာလဲကြောက်နဲ့ နေရောင်တစ်ယောက် သူ့ဘေးမှာတင် ထိုင်ရက်ကြီးအိပ်လိုက်ရလေသည်။ သို့ပေမယ့် ဘယ်ချိန်မှာဘယ်လို ခေါင်းအုံးပေါ်ရောက်သွားတယ်မသိ သူ့ရှေ့ကကလေးမက သူ့ရင်ဘတ်ထဲရောက်လို့ သူ့ကိုသမင်လည်ပြန်လှည့်ကြည့်နေလေရဲ့။ လည်ပင်းကအရစ်ကလေးက ဝဝကစ်ကစ်မျက်နှာလေးကြောင့် ဖောင်းအစ်နေတာကိုက်ချင်စရာ။ သူ့ကိုမျက်တောင်မခတ်တမ်းမော့ကြည့်နေတာမို့ မနေနိုင်တဲ့လူကြီးကပဲ စကားစရတော့မည်။

“ ဘာကြည့်နေတာလဲ ကလေးမ ”

“ ဟို...လူကြီးက...ဘာလို့ဒီမှာ....အိပ်နေတာလဲ ”

သူ့အမေးမှာနေရောင်က တစ်ချက်တော့ငြိမ်ချက်သားကောင်းသွားရပြီ။ လက်ကိုဆွဲထားတယ်လို့ပြောဖို့ရာ သူ့ရှေ့ကကလေးကိုသေချာကြည့်လိုက်မိသည်။ နွေဦးငယ်ဆိုတာအရှက်အကြောက်ကြီးပြီး အင်မတန်ချေတဲ့ကလေးမ။ ဒါကိုသူ့လက်ဆွဲထားတဲ့အကြောင်းသာပြောပြလိုက်ရင် နဂိုမှ မနေ့ကလာကြိုတာနောက်ကျလို့ စကားမပြောတဲ့ကလေးက ဒီအကြောင်းသာသိရင် သူ့ကို နောက်နှစ်ထိတောင်စကားပြန်ပြောပါ့မလားမသေချာ။

“ ချမ်းလို့...... ”

“ ဟမ် ”

“ မနေ့ညက အေးတယ်လေ..အဲ့တာကြောင့် ”

“ အော်....”

သူ့စကားမှာထိုကလေးက ခေါင်းတညှိတ်ညှိတ်လုပ်လာတော့ နေရောင်ကသက်ပြင်းချတယ်။

“ ဒါနဲ့ ”

“ ဟင်.....”

“ လက်ကလွှတ်ဦးမှာလား ”

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now