Chapter 46

5.3K 178 24
                                    

~ Falling in Love ~

💜 Unicode 💜

ဆေးရုံအပြင်ဘက်ပြေးထွက်လာတဲ့ရာနိုခမျာ ကားနားလေးမှာရပ်ကာကုန်းကုန်းကွကွလုပ်နေတဲ့ နိုအဲနဲ့ သူ့ဘေးကဆောင့်ကြောင့်လေး ထိုင်ငိုနေတဲ့အမတော်လေးကိုတွေ့လိုက်ရတာ သူ့ရင်ထဲတစ်ပူပေါ့သွားသလို။ ကိုယ်ကသာချောင်ထဲကြားထဲသွားငိုနေမှာ စိုးရိမ်နေတာ သူကတော့ ခါတိုင်းအရှက်တရားတွေဘယ်ရောက်နေတယ်ရယ်မသိ ဆေးရုံရှေ့လူမြင်ကွင်းကြီးမှာ ထိုင်ငိုနေလေရဲ့။

သူ့ကိုကာကွယ်မယ်လို့ပြောတဲ့စကားလေးကို တကယ်ချစ်မိပေမယ့် ကာကွယ်ပေးဆပ်ဖို့တွေ လျှောက်လုပ်နေမှာစိုးလို့သာ စိတ်ရှိတိုင်းအော်ဆူပစ်လိုက်ရတာ တကယ်တမ်း စိတ်မကောင်းဖြစ်သွားတဲ့မျက်လုံးလေးနဲ့ ခါတိုင်းလိုသူ့ကိုရန်တောင်ပြန်မဖြစ်ပဲ တိတ်တိတ်ကလေးထွက်သွားတော့ တော်တော်ရင်ထဲမကောင်းဖြစ်ရတယ်။ Oxygen Mask အကူယူပြီးတာတောင် သူ့လက်ထောက်ဆရာဝန်ရဲ့ အကျီကိုငှားဝတ်လာရတာမို့လား သူ့အခြေအနေကြောင့်လားမသဲကွဲ အသက်ရှူရကြပ်လွန်းလို့ ရင်ဘတ်ကကြယ်သီးတွေကို သုံးလုံးလောက်ထိဖြုတ်ချပစ်လိုက်လေသည်။

ဟူး......စိတ်အေးအေးထားရာနို မိန်းကလေးဆိုတာ မျက်ရည်လွယ်မှာပဲ။ ပြန်ချော့ရင်ရတယ်။ ငိုတယ်ဆိုတာ ဒီအတိုင်း.....ဒီအတိုင်း.....စိတ်တိုင်းမကျလို့ငိုသွားရုံပဲ။ မင်းကိုသူမမုန်းဘူး။ မမုန်းဘူး။ စိတ်အေးအေးထား...ဟင်း..ဟူး.....။"

အသက်ကိုဝအောင်ရှူသွင်းရှူထုတ်ပြီးမှ သူ့မမအနားကိုတစ်လှမ်းချင်းလျှောက်လာလေသည်။ လျှောက်နေရင်း စိတ်ထဲကလည်း သူ့ကိုယ်သူအားတင်းထားဖို့ အလျှော့မပေးဖို့ အသိပေးနေရသေးသည်။ အသိပေးဆို ဟိုကအမျိုးသမီးလေးရဲ့မျက်ရည်မြင်တာနဲ့ သူကရင်ဘတ်တွေထိုးအောင့်လာတာကိုး။ အနားရောက်တော့ နိုအဲကသူ့ကိုဘုကြည့်ကြီးနဲ့ မော့ကြည့်တယ်။ မိုင်ကတော့ သူရောက်လာမှန်းသိပုံမပေါ်၊ ဒူးပေါ်လက်လေးပိုက်လို့ငိုနေဆဲ။ ရာနိုတစ်ယောက်သူ့နားရောက်မှပိုပြီးလေးလံလာတဲ့စိတ်ကြောင့် သက်ပြင်းအရှည်ကြီးချလိုက်မိတယ်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now