Chapter 19

9.9K 530 140
                                    

~ What's wrong? ~

💜 Unicode 💜

မိန်းမတွေက ရာသီဥတုနဲ့တူတယ်တဲ့။ အင်း....ကျနော်ဆိုတဲ့ဒီကောင်ကလဲ ရာသီဥတုအပြောင်းအလဲတွေဆို သိပ်သတိထားမိတတ်တာ။ ဒါကြောင့်လဲမိန်းမတွေအကြောင်းကို ကောင်းကောင်းသိတဲ့ကောင်ဖြစ်နေတာလေ။

ဒါပေမယ့် ဒီတလောရာသီဥတုက ပုံမှန်မဟုတ်ဘူး။ ဒီကလေးမကလဲ အရင်လိုမဟုတ်ဘူး။ အပူချိန်တွေလဲမညီတော့ဘူး။ အကြည့်တွေလဲမတူတော့ဘူး။ တိမ်တွေလဲမကင်းစင်သလို၊ အပြုံးတွေလဲမဖြူစင်တော့ဘူး။ နွေခေါင်ခေါင်မှာ နှင်းတွေကျနေသလိုပဲ။ ဘယ်သူနဲ့မှစကားမပြောတတ်တဲ့ အဲ့သည်ကလေးမကလဲ အရမ်းတွေစကားများလာတယ်။ ကျနော်နဲ့မဟုတ်ပဲ တခြားသူတွေနဲ့ပေါ့။

ခပ်လှမ်းလှမ်းက Gunနဲ့အတူ အင်တာဗျူး​ဖြေရင်း ရယ်မောနေတဲ့ ကလေးမကိုနေရောင်ငြိမ်ငြိမ်ကြီးကြည့်နေမိတယ်။ အရင်ကဆိုသူ့လက်မောင်းကိုတွဲပြီး သူ့ရင်ဘတ်နားလောက်ကနေ သူ့ကိုလိုအပ်နေတဲ့အကြည့်တွေနဲ့ မော့ကြည့်တတ်တဲ့မျက်လုံးဝိုင်းဝိုင်းလေးက အခုဆိုသူ့ကိုလှည့်မကြည့်တော့ဘူး။ အရင်ကသူ့နားပဲကပ်တတ်တဲ့ ကလေးလေးက အခုသူ့ရင်ခွင်ထဲကနေ တိုးထွက်သွားတာတဲ့။ ကျနော့်နွေဦးက ဘာဖြစ်သွားတာလဲ။

လွန်ခဲ့သောမိနစ်ပိုင်းလောက်က.....

လူကြီးရဲ့ရင်ခွင်ထဲ ရောက်သွားတဲ့အငယ်တစ်ယောက် နှစ်နှစ်လောက်လွမ်းနေတဲ့အငွေ့အသက်ကလေးကို သူ့ရင်ခွင်ထဲအဝရှူရှိုက်မိလိုက်တယ်။ ပုခုံးမှာအမြဲ ရေမွှေးစွတ်နေကျဒီလူကြီးက အခုလဲပုခုံးထက်မှာ ခပ်ငြိမ်ငြိမ်အနံ့လေးတစ်မျိုးရနေပြန်တယ်။ နေရောင်သည်လဲ သည်ကလေးရဲ့ကိုယ်သင်းရနံ့လေးကိုလွမ်းလွန်းလို့ ပုခုံးထက်ဆီအတင်းတိုးပြီး ပွေ့ဖက်ထားမိတယ်။ ဒီတလောသူသေမလောက်လွမ်းနေခဲ့တာ။

လွမ်းလိုက်တာ....ကလေးငယ်..."

(လွမ်းတတ်သေးတယ်လား ခင်ဗျားကြီးရယ်)

အတွေးထဲခွန်းတုံ့ပြန်ရင်း ချက်ချင်းပဲ အငယ်သူ့ကိုခပ်ဖွဖွလေးတွန်းလိုက်တယ်။ နေရောင်က မလွှတ်ပေးဘူး။ အငယ့်ခါးကိုအတင်းဖက်ပြီး အငယ့်ပုခုံးထက်ခေါင်းတိုးနေတာ အတင်းကိုဖက်ထားတော့တာ။ ဘေးကGunနဲ့ Nadiaအပါအဝင် သူတို့ရဲ့ဆက်ဆံရေးကိုမသိတဲ့ ကုဋေတို့အုပ်စုကတော့ မျက်လုံးအပြူးသားနဲ့ကြောင်ကြည့်နေလေပြီ။ အငယ်ကနေရောင့်ရင်ဘတ်ကိုပုတ်ပြီး သူ့ကိုလွှတ်ပေးဖို့ရုန်းမိတယ်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now