~ How to say I love you ~
💜 Unicode 💜
" မ....ကျနော့်ကိုတွေ့ပေးမယ်ဆိုတာ။ဘယ်သူ....။ "
" ဟိုမှာလေ.....မင်းရဲ့အငယ်လေး ......မမှတ်မိတော့ဘူးလား ။ "
" ကျနော့်...အငယ်လေးတဲ့လား။ "
ရာနိုတစ်ယောက် မျက်မှောင်ကြုတ်ပြီး ပေကလပ်ပေကလပ်နဲ့ တစ်ဖက်ကမိန်းကလေးကိုကြည့်လာတယ်။ မိုင်ကတော့ပြုံးစိစိနဲ့ ရာနို့နားကိုကပ်ပြီး ပုခုံးကိုတိုက်ကာပဲ ကျေနပ်ပြုံးကြီးနဲ့ ခပ်တိုးတိုးလေးဆိုတယ်။
" မင်းအငယ့်ကို ကြိုက်နေတာမလား။ အဲ့မှာကြည့် မင်းရဲ့အသေးလေးက ဘယ်လောက်တောင် လှလာလဲဆိုတာ။ "
သူ့စကားမှာဘေးကနေရောင်ကပါ မျက်လုံးအပြူးသားနဲ့ ကြည့်ရပြီ။ ရာနိုကတော့ တွန့်ချိုးသွားတဲ့မျက်ခုံးတန်းတန်းတွေနဲ့ သူ့ကိုမကျေမနပ်ကြည့်နေပြီ။ ဒီဘွားတော် အလိုက်ကမ်းဆိုးမသိတာလား တကယ်ပိန်းသလားတော့ သူနားမလည်တော့ဘူး။ သူ့ခံစားချက်ကိုနားမလည်ပါးမလည်နဲ့ မဆီမဆိုင် ဒီပေါက်စနလေးနဲ့ညိအောင် လာအောင်သွယ်ပေးနေရန်ကော။ အင်း....သူလဲပေါက်စနပဲဆိုပေမယ့်လို့ပေါ့။
" စမိုင်မ....နင်ဘာစကားတွေပြောနေတာလဲ။"
နေရောင်ရဲ့အမေးမှာမိုင်ကသူ့ကိုမျက်စောင်းတစ်ချက်သာထိုး၍ နှာမှုတ်လေသည်။
ဘာပြောရမှာလဲ။ ကြားတဲ့အတိုင်းပဲလေ။ သူတို့ကလေးတွေချင်း စိတ်ဝင်စားနေတာ နင်ကအိုကြီးအိုမနဲ့ ဘာထဖြစ်တာလဲ။ "
ဟက်...ဘာအိုကြီးအိုမလဲ...ငါ့အသက်ကဘယ်လောက်ရှိသေးလို့လဲ။ ဟိုကောင်.....ရာနို.....မင်းပြော...မဟုတ်ဘူးမလား။မင်းအငယ့်ကိုမကြိုက်ဘူးမလား "
နေရောင်က မိုင့်ဘက်ကိုနှာတစ်ချက်မှုတ်ပြီး ရာနို့ကို ပုခုံးတို့ကာမေးလေသည်။ ရာနိုဆိုသည်မှာလဲ သိပ်ကိုအရွဲ့မတိုက်တတ်ရှာတဲ့သူမို့ အခုချိန်မှာ စိတ်ပျက်လက်ပျက်အကြည့်ကြီးနဲ့ သူ့ဘေးကမိုင်နဲ့နေရောင်ကို တစ်လှည့်ဆီကြည့်လိုက်တယ်။ အထူးသဖြင့် ဘေးကသူ့ကိုလိုက်လို့လိုက်နေမှန်းမသိ သူများနဲ့စပ်ပေးနေတဲ့ ဘွားတော်လေးပေါ့။ သူ့အမေးမှာ ရာနိုကမဲ့ပြုံးလေးတစ်ချက်သာပြုံးပြီး သူ့ပုခုံးပေါ်တင်ထားတဲ့ မိုင်နဲ့နေရောင်ရဲ့လက်ကို တွန်းတိုက်ပုတ်ချလိုက်တယ်။
![](https://img.wattpad.com/cover/324198900-288-k651915.jpg)
ВЫ ЧИТАЕТЕ
မချိုပေမယ့်...မခါးပါဘူး
Любовные романы𝗪𝗵𝗮𝘁 𝗸𝗶𝗻𝗱 𝗼𝗳 𝘁𝗵𝗶𝗻𝗴 𝗶𝘀 𝗰𝗮𝗹𝗹𝗲𝗱 𝗹𝗼𝘃𝗲? 𝗟𝗼𝘃𝗲 𝗶𝘀 𝘀𝘄𝗲𝗲𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝗰𝘂𝗽 𝗼𝗳 𝗹𝗮𝘁𝘁𝗲 𝗯𝘂𝘁 𝗯𝗶𝘁𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝘀𝗶𝗽 𝗼𝗳 𝗮𝗺𝗲𝗿𝗶𝗰𝗮𝗻𝗼。 အချစ်ဆိုတာ လက်တေးတစ်ခွက်ထက်လဲချိုနိုင်ပြီး အမေရိကာနိုတစ်ငုံ...