~ Sorry for Loving You ~
💜 Unicode 💜
ကုတင်ပေါ်ကသွေးစတွေကိုမြင်ပြီး ကာယကံရှင်မမမိုင်သာမက တမင်တကာစနေတဲ့ ရာနိုကပါမျက်လုံးအပြူးသားနဲ့ ခေါင်းနပမ်းကြီးရပြီ။ သူ့ခမျာ ဘာမှမလုပ်ရသေးပဲ တာဝန်ယူရတော့အဖြစ်ကိုရောက်နေပြီ။
ဒီသွေးတွေက...ဘယ်က......! "
အားဟား......သွားပါပြီ။ ငါ့ဘဝတော့.... အဟင့်။"
နေ...နေ...နေပါဦး... ခွန်မိုင်...ကျနော်ရှင်းပြမယ်။"
ဘာရှင်းပြမှာလဲ.....ဒီမှာဒီလောက်ရှင်းနေတာကို"
ဟို....ကျနော်...ဘာ..ဘာမှမလုပ်ရသေး..."
ဘာကို ဘာမှမလုပ်ရသေးတာလဲ.....ဟင့်...ရှင်မလုပ်ရသေးရင် ဒီသွေးကွက်က ဘယ်ကလာမှာလဲ။ "
ဟို...အဲ...နေပါဦး ခွန်မိုင်...ဓမ္မတာလာနေတာမဟုတ်ဘူးလား။ "
ဘယ်ကဓမ္မတာကလာ...... "
ရုတ်တရက်ထိတ်ခနဲသိလိုက်တဲ့အသိမှာ မိုင်ကရာနိုကကြောင်အမ်းအမ်းနဲ့မော့ကြည့်တယ်။ ဟုတ်နေတာပဲ။ သူဓမ္မတာလာနေတာကို သူမေ့သွားတာ။
အဲ..ဟုတ်သား......။ "
ထိုအခါမှအမတော်လေးက သွေးကွက်တွေကို လက်ကလေးနဲ့လိုက်ဖုံးနေရဲ့။
ဟို....ဒါ...ငါ.... လျှော်လိုက်မယ်။ရေချိုးခန်းဘယ်မှာလဲ။ "
ရပါတယ်.... အောက်ကလူတွေကိုလျှော်ခိုင်း...."
မရဘူး.....! "
ရုတ်တရက်ထအော်လာတဲ့ မိုင့်အသံမှာ ရာနိုပါမျက်လုံးပြူးသွားရတယ်။ မိုင်ကနှုတ်ခမ်းလေးကိုက်လို့ ရာနိုကမျက်နှာငယ်လေးနဲ့ ကြည့်နေတာ။ ဒီကောင်လေးကကြွေနေလို့ ထိန်းမနိုင်ရတဲ့အထဲ ဒီလိုချစ်စရာကောင်းတာလေးတွေလာလုပ်နေတော့ ရာနိုတစ်ယောက် စိတ်ကထိန်းမရတော့ဘူးရယ်။ နှုတ်ခမ်းကိုဖိကိုက်ကာပဲ ဘေးကခေါင်းအုံးပေါ် ဘုန်းခနဲလှဲချပြီး မျက်နှာကိုလက်နဲ့ကွယ်ထားလိုက်တယ်။
အဲ....ရာနို..... "
ထား....ထားထားလိုက်တော့....ခင်ဗျားမျက်နှာသွားသစ်တော့။ "
YOU ARE READING
မချိုပေမယ့်...မခါးပါဘူး
Romance𝗪𝗵𝗮𝘁 𝗸𝗶𝗻𝗱 𝗼𝗳 𝘁𝗵𝗶𝗻𝗴 𝗶𝘀 𝗰𝗮𝗹𝗹𝗲𝗱 𝗹𝗼𝘃𝗲? 𝗟𝗼𝘃𝗲 𝗶𝘀 𝘀𝘄𝗲𝗲𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝗰𝘂𝗽 𝗼𝗳 𝗹𝗮𝘁𝘁𝗲 𝗯𝘂𝘁 𝗯𝗶𝘁𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝘀𝗶𝗽 𝗼𝗳 𝗮𝗺𝗲𝗿𝗶𝗰𝗮𝗻𝗼。 အချစ်ဆိုတာ လက်တေးတစ်ခွက်ထက်လဲချိုနိုင်ပြီး အမေရိကာနိုတစ်ငုံ...