Chapter 43

4.8K 234 35
                                    

~ Pretty Little Poker ~

💜 Unicode 💜

ထမင်းစားခန်းအတွင်းမှာ ဘေးကအခြံအရံတွေအပါအဝင် လူဦးရေတော်တော်များများရှိပေမယ့် ပန်းကန်တစ်ချပ်နဲ့ ဇွန်း၊ခက်ရင်းတစ်စုံရဲ့ အသံကလွဲရင် တခြားအပ်ကျသံမျိုး တစ်စမှတောင် ထပ်မကြားရပေ။ ထိုဇွန်းခက်ရင်းကိုင်ထားတဲ့သူကတော့ Lexဖြစ်ပြီး သူ့ရှေ့ကအတွင်းရေးမှူးမလေးကို မသိမသာသော်လည်းကောင်း သိသိသာသာသော်လည်းကောင်း ခဏခဏမော့ကြည့်နေမိသည်။

ဘာလို့မစားတာလဲ.....မကြိုက်လို့လား။"

ကိုယ်တိုင်ပြင်ထားတဲ့မနက်စာဖြစ်လို့ တစ်လုပ်တလေလောက်စားတာကို မသိစိတ်ကမြင်ချင်မိပေမယ့် ထိုကလေးမက သူ့ကိုအဆိပ်ထည့်ကျွေးတယ်များ ထင်နေသလားမှတ်ရတယ်။ မနက်စာပန်းကန်ကို မျက်စောင်းနဲ့တောင်မကြည့်ပါချေ။ သူ့အမေးကိုတော့ သက်ပြင်းတစ်ချက်နဲ့ ပြန်ဖြေရှာပါသည်။

မဆာပါဘူးဆရာ။ "

Lexမှာလည်း သူ့စကားကြောင့် ပါးစပ်ထဲကပေါင်မုန့်နဲ့ဝက်ပေါင်ခြောက်အပိုင်းအစတွေကို ပါးစောင်တစ်ဖက်ဆီသို့ပို့ကာ အံကြိတ်ရင်းဖိဝါးနေဟန်ပေါ်သည်။ စိတ်မပါတဲ့မနက်စာကို ဇွန်းခက်ရင်းချ၍ ကော်ဖီတစ်ငုံနဲ့အဆုံးသတ်လိုက်တော့ သူ့ရှေ့ကကလေးမက ထရပ်လာတယ်။

ကျမပြန်တော့မယ်။ ဒီနေ့ကျမနားရက်မို့ ညကျမှ အချိန်စာရင်းထပ်ပို့လိုက်ပါမယ်ဆရာ။ "

ပြောနေရင်း ထထွက်ဖို့ပြင်နေတဲ့ မြသွေးခတ်ဆိုတဲ့ကလေးမက ခုံဘေးကသူ့အိတ်ကိုဆွဲယူနေတုန်း တစ်ဖက်စားပွဲဝိုင်းလူကြီးက သူ့ဘေးချင်းကပ်ရက်ခုံဆီလျှောက်လာလေသည်။

ပြန်ထိုင် "

ခပ်တည်တည်ကြီးပြောပြီး မြသွေးဘေးကခုံကိုဆောင့်ဆွဲကာ သူထိုင်ချလိုက်တော့ မြသွေးခမျာထိုနေရာက ထွက်ရခက်ချေပြီ။

ဆရာ...ဘာကိစ္စရှိ..."

ကုန်အောင်စား ဘာမှမစားရသေးပဲ ဒီအိမ်ကထွက်ဖို့မစဥ်းစားနဲ့။ မနေ့ညထဲကပင်ပန်းထားတာ မင်းအပြင်ရောက်တာနဲ့မူးလဲလိမ့်မယ်။ "

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now