Chapter 50

3.8K 187 26
                                    

~ Nothing without you ~
💜 Unicode 💜

ဒီလူနာမှာကိုယ်ဝန်ရှိနေပြီ။ "

ဗျာ....ကိုယ်...ကိုယ်ဝန်"

ဟမ်....ကိုယ်ဝန်....က...ကလေးလား..."

ဟုတ်တယ်။ ဒါပေမယ့် သားဦးကိုယ်ဝန်နုနေတုန်းဆိုတော့ သူ့ကိုယ်သူလည်းမသိပဲနေလာတဲ့ပုံပဲ။ "

ဟို...ဘယ်....ဘယ်နှလ..အဲ...ဘယ်နှပတ်လောက်ရှိပြီလဲဗျ"

အင်း....နှစ်လကျော်ရှိနေပြီ"

ဗျာ...နှစ်လ! "

အင်း"

အငယ်လေးကပြုံးပျော်ကာ ဘေးကနေလှုပ်စိလှုပ်စိနဲ့ နေရောင်ရဲ့အကျီလက်ကိုသွားဆွဲလေသည်။ နေရောင်ကလဲ ကလေးသိပ်မချစ်ရှာသူမို့ အငယ်လေးနီးပါးမျက်လုံးလေးတွေဝိုင်းစက်ကာနှစ်ယောက်သား ခုန်ဆွခုန်ဆွ အပျော်တစ်ပိုက်နဲ့သာ။

Markရေ...မမမိုင်ရဲ့ ကလေးတဲ့..."

အင်း.....နှစ်လထဲပဲရှိသေးတာတဲ့...သေးသေးလေးနေမှာ "

မတရားတက်ကြွနေတဲ့နှစ်ယောက်ကိုကြည့်ပြီး ဆရာဝန်မလေးခမျာ ဆက်ပြောမယ့်စကားပါထွက်မလာတော့ချေ။

ဟိုလေ....နှစ်လဆိုပေမယ့်လေ..."

အင်း....ဒေါက်တာ...."

ရုတ်တရက်ဘေးက ဖျော့တော့နေတဲ့အသံမျှင်မျှင်လေးကိုကြားလိုက်ရတော့ ဆရာဝန်မကချက်ချင်းလှည့်ကြည့်ကာ သူ့လူနာဆီ ကမန်းကနန်းပြန်ပြေးသွားပါလေသည်။ အငယ်နဲ့နေရောင်မှာလဲ ဖြူဖျောစွာနိုးလာတဲ့ မိုင့်အနားပြေးလာဖို့လုပ်တော့ မိုင်ကလက်ကာပြကာ လှမ်းတားလေသည်။

အငယ်လေး....နေရောင်.....အင်း.....အပြင်...ခဏထွက်ပေးပါလား"

ဟဲ့...ကလေးမ...မထနဲ့ဦးလေ....လှဲနေ....အော်ဒုက္ခပါပဲ..."

ဆရာမ....ကျမ...ကျမကိုပဲပြောပါ။ နှစ်ယောက်ထဲ...."

မိုင်ရဲ့ခပ်တိုးတိုးတောင်းဆိုမှုတစ်ခုမှာ ဆရာဝန်မလေးက တစ်ဖက်မှာရပ်နေတဲ့ နေရောင်နဲ့အငယ်လေးကို မျက်နှာပျက်စွာလှည့်ကြည့်တယ်။

ဟို....ခဏလောက်...အပြင်ထွက်ပေးလို့ရမလား လူနာနဲ့ဆွေးနွှေးစရာလေးရှိလို့ပါ။ "

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now