Chapter 10

9.3K 399 95
                                    

~ Unexpected Request ~

💜 Unicode 💜

အိမ်ကနေထွက်လာတဲ့လမ်းမှာ ရာနိုကလိုက်ပို့တဲ့သူဆိုပေမယ့် ဘေးကအငယ်လေးနဲ့အတူသူကပါ အနောက်ခန်းကိုရောက်နေပါလေရဲ့။ အကြောင်းကတော့ ​ရှေ့ခန်းကလူကြီးနှစ်ယောက်ကနှုတ်ဆက်စကားပြောနေတာမို့ သူတို့ကလေးနှစ်ယောက်က နောက်မှာဝင်ထိုင်ပေးရခြင်းသာ။ နေရောင့်ကိုလိုက်ပို့ချင်ပါတယ်ဆိုတဲ့ လရိပ်က ​ရှေ့ခန်းကကားမောင်းသူဘေးကခုံမှာ။ သူ့ဘေးကထိုင်နေတဲ့နေရောင်ကြီးကတော့ ကိုယ်တိုင်ကားမောင်းရသည်ပေါ့။ တစ်လမ်းလုံးတိတ်ဆိတ်လာပြီးမှ လရိပ်ကမနေနိုင်စွာပဲ စကားစတယ်။

ဘာလို့အစောကြီးပြန်တာလဲ။ တို့ကြောင့်လား။"

ဘယ်သူ့ကြောင့်မှမဟုတ်ဘူး။ "

ဒါဆိုဘာလို့လဲ။ တို့ရှိနေတော့နေရခက်လို့လား။"

နေရောင်ကဘာမှပြန်မဖြေပါ။ တိတ်ဆိတ်စွာပဲ ကားသာဆက်မောင်းနေလေရဲ့။ ဘေးကလရိပ်ရဲ့ အားမလိုအားမရမျက်နှာကိုကြည့်ပြီး ရာနိုကသူ့ဘေးကအငယ်လေးဘက်ကိုလှည့်ပြီး စကားစဖို့ပြင်တယ်။ သို့ပေမယ့်..... သူစကားမစရသေးခင်မှာပဲ အငယ်လေးက သူ့အိတ်ထဲကမနေ့ကနေရောင်ပေးထားတဲ့ ချောကလက်တစ်ဝက်ကိုထုတ်ပေးတယ်။

အငယ်...အကိုထင်တာတော့......."

အင့်"

ဟင်...ဒါကဘာလဲ"

ချောကလက်...ချိုတယ်။"

ရာနိုကလက်ထဲမူန့်ရောက်လာတော့ သေချာပဲဖောက်ပြီး ပါးစပ်ထဲထည့်လိုက်တယ်။

အင်းချိုတယ်။ ဟို...အကိုပြောကလေ...မင်းအကိုနဲ့ ​ရှေ့ကအမ...."

နောက်တစ်ခုယူဦးမလား"

မျက်နှာသေကြီးနဲ့ကြည့်ပြီး အငယ်လေးကမေးလာတော့ ထိုအခါမှအငယ်သူ့ကို မပြောစေချင်မှန်းရိပ်မိပါ၏။ ပြောချင်တာမပြောလိုက်ရတဲ့ရာနိုလေးက အငယ့်ကို မှုန်ကုတ်ကုတ်နဲ့ပဲကြည့်ရင်း သက်ပြင်းချလေသည်။

မယူတော့ပါဘူး။ အငယ်စားဖို့ပဲထားထား။"

နောက်ခန်းက ကလေးနှစ်ယောက်လုံးတိတ်သွားတော့ နေရောင်ကBackမှန်ကနေ အငယ့်ကိုချောင်းကြည့်တယ်။ Blinder Cap ဦးထုပ်အညိုလေးကွယ်နေလို့ မျက်လုံးတွေကိုမမြင်ရပေမယ့်လို့ ရှုံ့မဲ့မဲ့နှုတ်ခမ်းလေးနဲ့တင် ထိုကလေးအလိုမကျမှန်း နေရောင်ရိပ်မိပါသည်။

မချိုပေမယ့်...မခါးပါဘူးOnde histórias criam vida. Descubra agora