Chapter 33

9.9K 402 130
                                    

~ Love,pain ~

💜 Unicode 💜

ကိုယ်တောင်းပန်ပါတယ် ကလေးငယ်။ ကိုယ့်ကိုတစ်ခါလောက် ခွင့်လွှတ်ပေးပါလားနော်။ "

သိပ်ချစ်ရသူရဲ့တောင်းဆုမှုတစ်ခုမှာ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်။ သူ့ရင်ဘတ်ထဲကကလေးငယ်ကတော့ ဘာတစ်ခွန်းမှပြန်မပြောခဲ့ဘူး။ ပြီးတော့သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးနဲ့တွန်းပြီး သူ့ဖက်ထားတာကို ရုန်းလာတယ်။ နေရောင်ကမသိမသာ နောက်ဆုတ်ပေးရှာတယ်။ နေရောင်နောက်ဆုတ်လိုက်တာနဲ့ အငယ်လေးကသူ့ဘောင်းဘီအိတ်ကပ်ထဲကတစ်ရှုးစကိုထုတ်ပြီး ကျနေတဲ့မျက်ရည်တွေကို အသေအချာသုတ်ပစ်လိုက်တယ်။

ငယ်.....ကိုယ်....."

Verro...!"

နေရောင့်စကားမစလာခင်မှာ အရှေ့ကနေပြေးဝင်လာတဲ့လက်ထောက်လေးက သူတို့ရှိတဲ့နေရာဆီပြေးလာလေသည်။

ဟုတ်"

Shooting ပြန်စတော့မယ်တဲ့ "

အော် ကောင်းပါပြီ ကျမအခုလာခဲ့ပါ့မယ်။"

လက်ထောက်ပြန်ထွက်သွားတော့ အငယ်ကသူ့လူကြီးကိုမော့ကြည့်လိုက်တယ်။ နေရောင်ကစိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်နေတယ်။ သူတောင်းပန်လည်း အငယ်သာစိတ်မပြေရင် အလကားပဲလေ။ ချစ်လို့သည်းခံတယ်ဆိုတာ မိန်းမတိုင်းရဲ့ရာဇဝင်ဆိုပေမယ့် ချစ်လို့ခွင့်လွှတ်တယ်ဆိုတာတော့ သူတို့အဘိဓာန်မှာမှမရှိဘဲ။ အထူးသဖြင့်အငယ်ဆိုတဲ့ကလေးမဆီမှာပေါ့။

ရှင်တောင်းပန်တာကို လက်ခံပါတယ် Mark ဒါပေမယ့် အခုတော့ကျမအလုပ်လုပ်ရဦးမယ်။ "

အငယ်လေးရဲ့စကားမှာ နေရောင်တစ်ယောက် နားမလည်နိုင်အောင်ဖြစ်ရပြီ။ တောင်းပန်တာကိုလက်ခံတယ်ဆိုတာ ခွင့်လွှတ်တယ်လို့ဆိုလိုတာမှမဟုတ်ပဲ။ ပြောပြီးတာနဲ့အငယ်က လှည့်ထွက်ဖို့ပြင်တော့ နေရောင်သူ့လက်ကိုလှမ်းဆွဲထားမိတယ်။ ထွက်သွားမှာဆိုးလို့ ဆွဲထားတဲ့အဲ့သည်လူရဲ့လက်တွေက ဆုံးရှုံးရမှာကြောက်တဲ့စိတ်တစ်ခုနဲ့ အေးစက်နေခဲ့တယ်။

ငယ်.....ကိုယ်....."

ချစ်သူတွေအချင်းချင်း ဒီလောက်တော့နားလည်မှုထားသင့်တယ်မလားMark။ ရှင်လဲအနုပညာရှင်တစ်ယောက်ပဲ ။ ဒီလောက်တော့နားလည်ပေးပါ။ "

မချိုပေမယ့်...မခါးပါဘူးTempat cerita menjadi hidup. Temukan sekarang