Chapter 25

11.4K 400 47
                                    

~ Beats Me ~

💜 Unicode 💜

အချစ်ဆိပ်တက်နေပြီ ကလေးငယ်....မင်းမှမဟုတ်ရင် ဘယ်ဆေးမှ ဖြေဆေးမဟုတ်တော့ဘူး။ "

နေရောင်ကရီဝေဝေနဲ့ကြည့်ရင်းပဲ အငယ့်ခါးလေးကိုလှမ်းကိုင်လာသည်။ ပြီးနောက်မှ အငယ့်မေးဖျားနုနုဆီ လက်လှမ်းလာလေသည်။ သို့ပေမယ့်အဲ့ဒီမေးရိုးသွယ်သွယ်ဆီ သူလက်လှမ်းမထိခင်မှာပဲ အငယ်လေးက သူ့လက်ကိုပုတ်ကာလှမ်းတားလိုက်တယ်။ ပြီးတော့မှင်သေသေအကြည့်ကြီးနဲ့ မျက်ခုံးတစ်ဖက်ပင့်ပြလာတယ်။

မိန်းမတိုင်းကို ရှင်ဒီလိုပဲချုပ်နေကျလား။ အင်း....ရင်ခုန်စရာပဲ။ "

ရုတ်တရက်အငယ့်စကားတွင် နေရောင်နားမလည်စွာနဲ့ မျက်မှောင်ကြုတ်မိသည်။ အငယ်လေးကတော့ သူတားထားတဲ့နေရောင့်လက်ကိုရော ခါးပေါ်ကလက်ကိုပါ ခပ်ဖွဖွလေးတွန်းပြီး ပုတ်ထုတ်ပစ်လိုက်သည်။ ပြီးတော့ မထီသလိုအကြည့်ကြီးနဲ့ သူ့ကိုပြန်မော့ကြည့်လာတဲ့အခါ အဲ့ဒီနှုတ်ခမ်းတွေကပြုံးနေ​လေရဲ့။ အင်း..... ခနဲ့တဲ့တဲ့ မဲ့ပြုံးလေးနဲ့ပေါ့။

ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ရှင့်စကေးက ကျမကိုတော့မထိရောက်ဘူး။ "

အဲ "

ကလေးမကသူ့ကို ထူးဆန်းတဲ့လူလို၊ သဘောမကျသလိုမျက်ဝန်းတွေနဲ့ကြည့်ပြီး လက်ထိပ်ကလေးနဲ့ သူ့ဗိုက်ကိုတွန်းထုတ်တော့ စိတ်နဲ့ကိုယ်နဲ့ကပ်မနေတဲ့ လူကြီးတစ်ယောက် ကလေးမတွန်းထုတ်တဲ့နောက်ကို တဖြေးဖြေးဆုတ်မိတယ်။ အငယ်လေးက သူ့ကိုဖြေးဖြေးလေးတွန်းထုတ်ရင်း ခြေလှမ်းတွေတိုးတိုးလာတယ်။ လူကြီးက သူ့ကလေးမမျက်ဝန်းတွေဆီက အကြည့်တွေကိုခံယူရင်း နောက်ကိုတစ်လှမ်းဆီဆုတ်တယ်။ ခြေလှမ်း၅လှမ်းလောက်မှာ နောက်ကဆိုဖာနဲ့တိုက်ပြီး နေရောင်တစ်ယောက်  ဆိုဖာပေါ်ဖင်ထိုင်ရက်လေး ထိုင်ချမိတယ်။ ဒီမျက်ဝန်းနက်နက်တွေဆီ အကြည့်တွေကိုလဲ မလွှဲမိဘူး။ အငယ်ကသူ့ပုခုံးကို ဆိုဖာနောက်ဆီ ခပ်ဖွဖွလေးတွန်းထုတ်ပြီး လှလှပပလေးပြုံးတယ်။

အိန္ဒြေလေးထိန်းပါဦး ကိုနေရောင်လှိုင်းသွင်။ ညီမလေးလိုလူကို ဘာလုပ်ဖို့စဥ်းစားနေတာလဲ။"

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now