Chapter 37

11K 451 53
                                    

~Girlfriend material~

💜 Unicode 💜

ဒီ‌နေ့က ပုံမှန်နေ့တွေထက်ကို ထူးထူးခြားခြား ရာသီဥတုပိုပြီးသာယာတယ်။ ရိုက်ကွင်းစဖို့ ပြင်ဆင်နေကြတဲ့ အဖွဲ့သားတွေကလဲ သူလိုလိုငါလိုလို အလုပ်တွေရှုပ်ရင်း ပုံမှန်လိုပဲ အလုပ်လုပ်နေကြတယ်။ ရိုက်ကွင်းထိလာပို့ပြီး စောင့်ပေးနေတဲ့ ရာနိုတို့နှစ်ယောက်လဲ ဒီနေ့ရန်မဖြစ်ကြသလို အငယ်လေးနဲ့နေရောင်ကလဲ စကားခလုတ်လေးတောင် မတိုက်မိကြသေးတော့ အရာရာက ဒီနေ့မှအဆင်ပြေနေသလိုလို။ သို့ပေမယ့် စိတ်ထဲ သိပ်ပြီးအဆင်ပြေမနေတာကတော့ အငယ်လေးပဲ။ တစ်နေ့တစ်မျိုး မရိုးရအောင် ပြဿနာတက်နေကျဖြစ်တဲ့ သူ့နေ့ရက်တွေက ဒီလိုကြီးလွယ်ကူနေတော့ မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်။

" ငယ်"

"ဟင်"

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး"

"ဒါဆိုဘာလို့ ဒီလိုလေး မျက်မှောင်ကြုတ်ထားတာလဲ ပေါက်စလေးရဲ့"

နေရောင်က မျက်မှောင်ကြုတ်ပြီး စိတ်မချမ်းမသာြဖစ်နေတဲ့ သူ့ကလေးမကို ဘေးကနေ ခေါင်းလေးစောင်းလို့ ငုံ့ကြည့်ရင်းမေးလာတော့ အငယ်လေးက မရွှင်မပြမျက်နှာလေးနဲ့ ခေါင်းလေးခါလို့ သူ့ကိုပြုံးပြတယ်။ ဒါပေမယ့် ဒါကနေရောင့်ကို မကျေနပ်စေပါ။

"ဒါဘာမှမဖြစ်တဲ့ ရုပ်လေးမဟုတ်ပါဘူး ကိုယ်သိတာပေါ့"

နေရောင်က ပြောနေရင်းနဲ့ အငယ်လေးစိတ်သက်သာအောင် ခေါင်းလေးပုတ်ပေးဖို့ လက်လှမ်းလိုက်တော့ အငယ်လေးက ချက်ချင်းပဲ ခေါင်းကိုဖယ်ကာရှောင်လိုက်တယ်။

"Mark ဘေးမှာလူတွေရှိနေတယ်လေ။"

အငယ့်စကားမှာ နေရောင်ချက်ချင်းပဲ သူ့လက်ကိုရုတ်လိုက်တယ်။ အဲ့တာသူ့ကလေးမပဲ။ ဘေးကလူတွေ မြင်ပြီးသူတို့တွဲနေတာကို သိသွားမှာဆိုးလို့ စစတွဲကတည်းကနေအခုထိ အရင်အချိန်တွေတုန်းကလို ဖက်ထားဖို့မပြောနဲ့ လက်ကလေးကိုင်ဖို့တောင် အနိုင်နိုင်။ အငယ့်ဘက်ကတော့ အရှက်အကြောက်ကြီးလွန်းတာလား မသိပေမယ့် နေရောင်အတွက်ကတော့ တွဲတဲ့သူက သူဖြစ်နေတာမို့ အငယ်က ထုတ်ပြဖို့ ရှက်နေတာလို့ ထင်မိတယ်။ အငယ့်လို တက်သစ်စကြယ်ပွင့်လေးက သူ့လိုကစားသမားကြီးနဲ့တွဲနေတာ လူသိသွားရင် တကယ်လည်းအငယ်က နာမည်ကျသွားနိုင်တာကိုး။ သူ့အတွေးနဲ့သူ ချက်ချင်းခေါင်းလေးငုံ့ပြီး ထသွားတော့ အငယ်လေးက သူ့ကိုမော့ကြည့်တယ်။ စိတ်ထဲမှာလည်းထင်လိုက်ပါတယ် ဒီလူကြီးတော့ တွေးချင်ရာ တွေးပစ်လိုက်ပြီလို့ပေါ့။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now