Chapter 40

18.1K 467 104
                                    

"Unexpected Legendary"

💜Unicode💜

(ဒီအပိုင်းလေးမဖတ်ခင် Connection မိအောင် ရှေ့ကအပိုင်းလေး အရင်သွားပြန်ဖတ်ကြပါရန် အကြံပေးအပ်ပါသည်)

ကိုယ်က....အတွေ့အကြုံမရှိတဲ့ငတုံးတစ်ယောက်သာဆိုရင်...ငယ်....ငယ်က...ချစ်ဦးမှာလား....ဟင်....မချစ်ဘူးမလား..... ဟုတ်တယ်မလား......ငယ်ငယ်....ဖြေလေ။ "

ဟင်? "

နေရောင်ရဲ့စကားမှာ အကြပ်ရိုက်သွားတာက အငယ်လေးပါပဲ အံ့သြသွားတာဆိုပိုမှန်လိမ့်မှာပေါ့။ ဒီလူကြီးက သူ့ကိုယ်သူပြန်သဝန်တိုလိမ့်မယ်လို့ ဘယ်သူကထင်မှာတဲ့လဲ။ အဲ့တာထက်ကို အငယ့်ကိုအထိအတွေ့မှာ သာယာနေတယ်လို့ ကောက်ချက်ချလိမ့်မယ်လို့ ဘယ်သူကထင်မှာတဲ့လဲ။ ရှေ့ကကလေးမက မျက်လုံးအဝိုင်းသားနဲ့ ကြောင်ကြောင်ကြီးငြိမ်နေတော့ လူကြီးကမကျေနပ်သလို ဆူပုတ်လာတယ်။

မဖြေဘူး.....တွေ့လားဟုတ်နေတာပဲ။ ငယ်ကိုယ့်ကိုမချစ်ဘူးပဲ။ "

Mark! ရှင်....ရှင်ဘာတွေ.....မဟုတ်သေးပါဘူး။ ရှင်အမူးရောပြေပြီလား။ "

စကားလမ်းကြောင်းမလွှဲပါနဲ့။"

လွှဲတာက......ရှင်လေ။ ရူးကြောင်ကြောင်ရဲ့!"

ဘုန်း........

အား....!"

........

10 mins later....

အခုချိန်မှာတော့ စိတ်ဆိုးတဲ့လူက အငယ်လေးဖြစ်ပြီး ခေါင်းအုံးနဲ့ဆွဲရိုက်ခံထားရလို့ ပွထနေတဲ့ဆံပင်တွေနဲ့ ထောင့်မှာကပ်ထိုင်နေတာက သူ့လူကြီးဖြစ်ပါလေသည်။

ဟုတ်တယ်။ သူမေ့သွားတာ။ ရာသီလာနေတဲ့ဆယ်ကျော်သက်ကလေးကိုမှ သူသွားရစ်မိတာကိုး။ မိန်းမတွေရာသီလာရင် သွေးဆိုးတယ်ဆိုတာ သူခဏလောက်မေ့သွားမိတာ။ ဒီကြားထဲ အခြားအချိန်လဲမဟုတ်ဘဲ ကောင်းခန်းရောက်နေတဲ့အချိန်ကိုမှ ဖျက်ဆီးမိတာလေ။ ဟိုကလေးလေးက နည်းနည်းလောက် အလိုလိုက်လာရင်ကို သူကိုကကြီးကောင်ကြီးမားနဲ့ ရစ်ချင်မိတာကိုး။အခုတော့ အခန်းထောင့်လေးကနေ ဂဏန်းလေးလို ဘေးတိုက်လေးအတိုင်း တစ်လှမ်းဆီအနားကိုတိုးကပ်လို့ ရေချိုးပြီးဆူပုတ်ပုတ်နဲ့ ထိုင်နေတဲ့ ဆိုဖာပေါ်ကသူ့ကလေးမကို အကျီစလေးသွားဆွဲနေရပြီ။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now