Chapter 52

4K 217 56
                                    

~ Nice To Meet You ~
💜 Unicode 💜

အေးချမ်းတဲ့မိုးသောက်ချိန် မနက်အစောပိုင်းအချိန်လေးမှာ ရာနိုတစ်ယောက် ကိုက်ခဲမူးဝေနေတဲ့အာရုံတစ်ခုနဲ့ နိုးလာခဲ့ပါသည်။ မျက်လုံးထဲပေါ်လာတဲ့မျက်နှာကျက်အဖြူကိုပဲ စိုက်ကြည့်နေရင်း မျက်လုံးကိုအသေအချာဖွင့်နိုင်ဖို့ အားစိုက်လိုက်ရသည်။ ကိုက်ခဲနေတဲ့ခေါင်းကို သက်သာလိုသက်သာငြား နှိပ်နယ်ရင်း ဘေးဘက်ကိုလက်စမ်းကြည့်တော့ မိုင်မရှိ။ သူ့အရင်ကတစ်ယောက်ထဲနေခဲ့တဲ့အခန်းကို ပြန်ရောက်နေတာပဲ။ လက်ကိုအားယူကာ ကုတင်ခေါင်းရင်းမှာမှီထိုင်ရင်း မနေ့ညက ဘယ်လိုပြန်ရောက်ခဲ့သလို ဘာတွေဖြစ်ကုန်လဲဆိုတာ အရင်စဥ်းစားကြည့်ရသည်။

အရင်ဆုံးအာရုံထဲပေါ်လာတာကတော့ မနေ့ညကသူ့ကိုအတင်းသောက်ဖို့ခေါ်တဲ့ Élise ပြီးတော့ သူသောက်ချလိုက်တဲ့ ကော့တေးတစ်ခွက်။ လက်ထဲနောက်တစ်ခွက် ရောက်လာမှန်းသိပေမယ့် အဲ့သည်နောက်ပိုင်း သူဘာမှမမှတ်မိတော့။ မိုင်ရဲ့ကိစ္စတွေ အကုန်ရှင်းပြီးသွားတဲ့အပြင် ခွဲစိတ်မှုလည်းပြီးသွားတာမို့ ကော့တေ့အပြင်းစားတွေစပ်ပြီး သူစိတ်လွတ်လက်လွတ် သောက်ခဲ့မိခြင်းသာ။ ရလဒ်ကတော့ ဒီတစ်မနက်လုံး ခေါင်းကိုက်ဝေဒနာကို ခံရဦးတော့မည်။

သူ့အတွေးနဲ့သူ ခေါင်းရမ်းခါရင်း ကုတင်ပေါ်ကဆင်းဖို့ပြင်တော့ ဘေးမှာ အသက်မပါသလိုငုတ်တုတ်ကြီးထိုင်နေတဲ့ Grace။

အား!...Jesus! "

မေးလည်းမေးချင်စရာ ထိုင်ခုံကတခြားဖင်ကခြား ထိုင်ခုံပေါ်လက်တင်ပြီး သူကကြမ်းပြင်ပေါ်ထိုင်လို့ ဖရိုဖရဲနဲ့ငိုင်နေတာ မသိရင် မနေ့ကမှယောကျ်ားဆုံးလို့ အပူမိနေတဲ့ ရွက်ကြမ်းရေကြိုမုဆိုးမလေးလို။ တွေ့လိုက်ရတဲ့ရာနိုအဖို့ လိပ်ပြာတောင် လွင့်ထွက်လုနီးနီးပင်။

No Jesus,.....me"

Grace ! မင်းဘာလုပ်နေတာလဲ အဲ့မှာ !"

သခင်မို...."

ဘာလဲ!"

ကျမ....အလုပ်ထွက်လို့ရလား"

ဘာတွေပြောနေတာလဲ မိုးလင်းစောစောစီးစီး မြောက်ကိုးရီးယားစစ်ပြေးလိုပဲ အဲ့အောက်မှာငုတ်တုတ်ကြီး ဘာထိုင်လုပ်နေတာတုန်း "

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now