~ The Victory ~
💜 Unicode 💜
အစည်းအဝေးခန်းမအတွင်းက တီးတိုးစကားသံတွေက တစ,တစပို၍ကျယ်လောင်လာလေသည်။ ထိုကဲ့သို့စည်းမရှိ,ကမ်းမရှိ တစ်ယောက်,တစ်ပေါက်တီးတိုးပြောနေကြသည်က အထိန်းအကွတ်မရှိ၍မဟုတ် ငယ်ရွယ်တဲ့ Landon မမလေး တစ်ယောက်လုံး၏အရှေ့တွင် တမင်ပင် တီးတိုးပြောနေကြခြင်းသာ။
Ms Landon ကျနော်ဘက်ကတော့ ဦးစီးမယ့်လူက ခင်ဗျားသာဆိုရင် စိတ်မကောင်းစွာနဲ့ပဲ နှုတ်ထွက်ရမှာပါ။ "
ကျနော်လည်းအဲ့လိုပဲတွေးပါတယ်"
ကျုပ်လည်းကျုပ်ရှယ်ယာတွေ အကုန်ပြန်ထုတ်ဖို့အထိတွေးထားပါတယ်။ စီးပွားရေးနယ်ပယ်ဆိုတော့ ခင်ဗျားကိုသနားပြီးငဲ့နေလို့မဖြစ်ဘူးလေ။ "
ဟုတ်တယ် Ms Landon ရဲ့အတွေ့အကြုံနုနုလေးနဲ့ဆို ကျနော်တို့လုပ်ငန်းကြီးပြိုလဲသွားလိမ့်မယ်။ အဆုံးအရှုံးကလည်းကြီးတယ်လေ။ "
Verro : အဲ့တော့ ရှင်တို့ဘက်ကဘယ်လိုလုပ်စေချင်တာလဲ
ကျနော်တို့ကတော့ ကျနော်တို့ထဲကရှယ်ယာရှင်တစ်ယောက်ကိုမဲပေးပြီး ဥက္ကဌခန့်စေချင်ပါတယ်။ "
အဲ့အကြံကောင်းပါတယ် ရှယ်ယာရှင်တွေက အကုန်လုံးနီးပါးအရည်အချင်းရှိကြတဲ့သူတွေချည်းပဲဆိုတော့...."
Verro : ကောင်းပြီ။ ဆိုလိုတာက ကျမဒီနေရာမှာဆက်ထိုင်နေမယ်ဆို ရှင်တို့နှုတ်ထွက်မယ်ပေါ့။ မဟုတ်ရင်တော့ ကျမကိုနှုတ်ထွက်ပေးပါပေါ့။ တည့်ပြောချင်တာအဲ့တာပဲမဟုတ်လား။"
ရှယ်ယာရှင်တွေနဲ့ လုပ်ငန်းရှင်ကြီးတွေက အငယ်လေးကိုမျက်နှာလွှဲပြီး ဟိုလှည့်သည်လှည့်နဲ့မျက်နှာပူပူနဲ့ပဲခေါင်းညှိတ်ကြလေသည်။ ထိုအချိန်မှာတော့အငယ်လေးတစ်ယောက် သူ့လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထိုနေရာကနေထရပ်ကာ အတွင်းရေးမှူးကြီးဆီက စာရွက်စာတန်းအထပ်လိုက်ကြီးကို သွားယူ၍ စားပွဲရှည်ကြီးပေါ်တင်ပေးလိုက်လေသည်။
Verro : ကောင်းပြီ ထွက်မယ်ဆိုတဲ့ပုဂ္ဂိုလ်တို့.... ရှယ်ယာထုတ်နှုတ်ကြောင်း လက်မှတ်ထိုးလို့ရပါပြီ ။ "
ŞİMDİ OKUDUĞUN
မချိုပေမယ့်...မခါးပါဘူး
Romantizm𝗪𝗵𝗮𝘁 𝗸𝗶𝗻𝗱 𝗼𝗳 𝘁𝗵𝗶𝗻𝗴 𝗶𝘀 𝗰𝗮𝗹𝗹𝗲𝗱 𝗹𝗼𝘃𝗲? 𝗟𝗼𝘃𝗲 𝗶𝘀 𝘀𝘄𝗲𝗲𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝗰𝘂𝗽 𝗼𝗳 𝗹𝗮𝘁𝘁𝗲 𝗯𝘂𝘁 𝗯𝗶𝘁𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝘀𝗶𝗽 𝗼𝗳 𝗮𝗺𝗲𝗿𝗶𝗰𝗮𝗻𝗼。 အချစ်ဆိုတာ လက်တေးတစ်ခွက်ထက်လဲချိုနိုင်ပြီး အမေရိကာနိုတစ်ငုံ...