~ Love poison ~
💜 Unicode 💜
ဟမ်.....ဘာပြောတာ"
တိတ်ဆိတ်နေတဲ့စားသောက်ဆိုင်ထဲ ရာနိုနဲ့မိုင်ရဲ့အာမေဋိတ်သံကလွဲရင် အပ်တစ်စကျသံတောင် မကြားရပါချေ။ ကာရကံရှင် အငယ်လေးနဲ့နေရောင်ကတော့ တစ်ယောက်ကိုတစ်ယောက် ဒေါသမျက်ဝန်းတွေနဲ့ အကြည့်တွေဆုံလို့ စစ်အေးတိုက်နေကြလေပြီ။
ခင်ဗျားဘာတွေပြောနေတာလဲ Mark လူရှေ့သူရှေ့မှာ ရှင်မရှက်ဘူးလား။ အဓိပ္ပါယ်မရှိတာတွေ။ "
ဟုတ်လား ကိုယ့်အတွက်တော့ သိပ်အဓိပ္ပါယ်ရှိတာပဲ။ ဒီလိုမှန်းသိရင် မသောက်ပဲမူးချင်ယောင်ဆောင်ပြီး မင်းကိုအဝလုပ်ခဲ့ရမှာ။ အဲ့လိုဆိုမင်းအခုလို မသိချင်ယောင်ဆောင်နိုင်ဦးပါ့လား။ "
နေရောင်ရဲ့ဘွင်းဘွင်းရှင်းရှင်းစကားကြီးမှာ ရာနိုတစ်ယောက် ပေကလပ်ပေကလပ်လေးသာ ကြည့်နေရပါ၏။ ရှေ့ကမိုင်ဆိုသည်မှာလဲ သူ့ကိုကွယ်ထားရင်း မျက်လုံးတွေထပ်ခါထပ်ခါပြူးလို့။ ဒါပေမယ့်သူ့ကလေးမကတော့ မျက်နှာလေးကိုနီလို့ သူ့ကိုစူးစူးရဲရဲမျက်ဝန်းတွေနဲ့ ကြည့်နေလေရဲ့။
တောက်..... ရိုင်းစိုင်းလိုက်တာ။"
ကိုယ်ရိုင်းတာမင်းသိနှင့်ပြီးသားပဲမလား ကလေးမ။ ခုမှဘာတွေအထူးအဆန်းလုပ်ပြောနေတာလဲ။ ဘာလဲ ကိုယ့်စကားကြောင့်ထန်သွားလို့လား။ "
ရှင်....."
နေ......နေကြပါဦး.....နင်တို့နှစ်ယောက်ကဘာ.....နမ်း....နမ်း...တယ်.... ဘယ်တုန်းကနမ်းပြီး ဘယ်တုန်းကဖြစ်ကြတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ။ ငါလဲမသိရပါလား။ "
မမမိုင်ရဲ့ တလွဲဗျောက်သောက်အမေးမှာ ရာနိုကသူ့ကို မျက်နှာသေကြီးနဲ့ပြန်ကြည့်လာတယ်။ ကြည့်လဲကြည့်ချင်စရာ။ ဒီအမတော်ဆိုသည်မှာလဲ သူ့ကိုယ်တိုင်ကတောင် အနမ်းခံခဲ့ရတာကို ခုထိမသိသေးပဲ သူများနမ်းတာကို သွားစပ်စုနေသကိုး။
သူတို့ဘာသာဘယ်ချိန်နမ်းနမ်း ဘယ်ချိန်လုပ်လုပ် ခင်ဗျားအပူလားဘွားတော်။ အရေးထဲ စပ်စုစိန်ကတစ်မှောက်။ "
သူဂျာမနီမသွားခင်တုန်းကနမ်းခဲ့တာ။ ဝါရံတာမှာ။ မှတ်မိပြီလားငယ်။ မမှတ်မိသေးရင် ဒီပေါ်လာထိုင်လို့ရတယ်နော်။ ကိုယ်ကဘေးလူတွေလဲ ဂရုမစိုက်တတ်ဘူး။ မင်းလိုချင်ရင်ဒီနေရာမှာတင် အစပျိုးပေးနိုင်တယ်။"
YOU ARE READING
မချိုပေမယ့်...မခါးပါဘူး
Romance𝗪𝗵𝗮𝘁 𝗸𝗶𝗻𝗱 𝗼𝗳 𝘁𝗵𝗶𝗻𝗴 𝗶𝘀 𝗰𝗮𝗹𝗹𝗲𝗱 𝗹𝗼𝘃𝗲? 𝗟𝗼𝘃𝗲 𝗶𝘀 𝘀𝘄𝗲𝗲𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝗰𝘂𝗽 𝗼𝗳 𝗹𝗮𝘁𝘁𝗲 𝗯𝘂𝘁 𝗯𝗶𝘁𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝘀𝗶𝗽 𝗼𝗳 𝗮𝗺𝗲𝗿𝗶𝗰𝗮𝗻𝗼。 အချစ်ဆိုတာ လက်တေးတစ်ခွက်ထက်လဲချိုနိုင်ပြီး အမေရိကာနိုတစ်ငုံ...