Chapter 11

8.7K 422 96
                                    

~ Breaking the Limit ~

💜 Unicode 💜

နေရောင့်ကို သူဂျာမနီသွားမယ့်အကြောင်းဘယ်လိုပြောရမှန်းမသိတဲ့အငယ်က အခန်းထဲဟိုလျှောက်သည်လျှောက်နဲ့ ခုထိကို မနက်စာမစားရသေးပေ။ ဘေးကလူးဝစ်ဆိုသည်မှာလဲ သူ့မမလေးယောက်ယက်ခပ်နေတာကို ထိုင်ကြည့်နေရတဲ့သူမို့ မှုန်ကုတ်ကုတ်နဲ့ အဆင်ပြေဟန်မပေါ်။

"မမလေး....ထိုင်ရင်လဲထိုင်နေပါတော့လား။"

" မရဘူး။ မထိုင်နိုင်ဘူး။ လူးဝစ် "

" ဗျာ "

" အငယ့်လူကြီးကိုဘယ်လိုပြောရမလဲ။ "

" ဒီတိုင်းပဲ မနေ့ညကလိုပြောလိုက်ပေါ့။ ဆရာ့ကိုတောင် ပြောလိုက်တာလွယ်လွယ်လေးပဲမလား။ သူ့ခမျာသနားပါတယ် တစ်ညလုံးငိုနေမှာ။ "

" Emmကပြောရလွယ်ပေမယ့် လူကြီးကခက်တယ်။ သူစိတ်ဆိုးမှာ။ "

" ဆိုးပါစေပေါ့။ မမလေးကသွားချင်တာကိုး။ "

" လူးဝစ်ကပါ အငယ့်ကိုစိတ်ဆိုးနေတာလား။ "

" မဟုတ်ပါဘူး။ "

" အ့ဆိုဘာလို့မျက်နှာကြီးကို အဲ့လိုပုတ်ထားတာလဲ။ အကြံလေးဘာလေးပေးလေ။ "

" ကျနော်တောင်ဘာလုပ်ရမှန်းမသိတာကို။ "

" အိတ်ပြင်ပြီးပြီလား မနက်ဖြန်သွားရမှာနော်။ "

" ပြင်ပြီးပြီ။ "

" okay ရပြီ။ မစဥ်းစားပေးလဲနေတော့။ "

သူတို့နှစ်ယောက်သားတစ်ယောက်တစ်ထောင့်ဆီ ကပ်ပြီး အကြံထုတ်နေတုန်း အပြင်ကတံခါးဖွင့်သံနဲ့အတူ Emmက တံခါးဝမှာ လာချောင်းလေသည်။

" Emm "

" မနက်စာစားမယ် "

တစ်ခွန်းသာပြောပြီး Emmကပြန်ထွက်သွားတော့ အငယ်ကလူးဝစ်ကိုလှည့်ကြည့်လိုက်တယ်။ လူးဝစ်ကတော့ သက်ပြင်းသာချပြီးခေါင်းခါပြသည်ပေါ့။ သူတို့နှစ်ယောက်သားထမင်းစားခန်းဆီရောက်တော့ Emmက စားပွဲပေါ်မှာထိုင်နှင့်နေပြီ။ အငယ်က Emmမျကိနှာကိုလှည့်ကြည့်လှည့်ကြည့်နဲ့ Emmရှေ့ကခုံမှာဝင်ထိုင်လိုက်လေသည်။ သို့ပေမယ် Emm က သူ့ပန်းကန်ကိုမလာပြီး အငယ့်နားမှာလာထိုင်လေသည်။ ပြီးတော့ ပေါင်မုန့်ဘေးသားတွေဖယ်ပြီး ကျန်တဲ့ပေါင်မုန့်ဖြူဖြူလေးတွေ အငယ့်ပန်းကန်ထဲထည့်ပေးတယ်။ ပြီးတော့ ကြက်ဥကြော်တွေ အသားပြားတွေပါ တစ်ခုစီလိုက်ထည့်ပေးနေလေရဲ့။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now