Chapter 3

12K 508 112
                                    

Sibling Zone

💜 Unicode 💜

နှုတ်ခမ်းပေါ်ရောက်နေတဲ့ သူစိမ်းယောက်ျားသားတစ်ယောက်ရဲ့ လက်ကိုဘုဆတ်ဆတ်နဲ့ကြည့်ပြီး စိတ်တိုတိုနဲ့ရိုက်ချဖို့ပြင်ပေမယ့် အငယ့်လက်တွေမလှုပ်ရသေးခင်ပဲ ခပ်လှမ်းလှမ်းကကြောက်စရာအသံကျယ်ကြီး ထွက်ပေါ်လာလေသည်။

"နွေဦးငယ်...!"

သူ့အသံက တိတ်ဆိတ်လွန်းတဲ့ဟိုတယ်ဆောင်လေးထဲမှာ ဟိန်းကနဲပဲ။ အငယ်ကဘေးကလူကိုကျော်ပြီး နောက်ကိုလှမ်းချောင်းကြည့်လိုက်တယ်။ ဘုရားရေ လူကြီးကပြန်လာတယ်။ စောနက သူ့ကောင်မလေးနဲ့ ဘာဘာညာညာကိစ္စတွေ သွားလုပ်မယ်ဆိုတဲ့လူကြီးက အခုဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာပါလိမ့်။ မိနစ်ပိုင်းလောက်နဲ့ ကိစ္စပြီးသွားတာများလား။ ကိုယ့်ဘာသာကိုယ်အတွေးများနေတုန်းမှာ ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ အနားရောက်လာတဲ့လူကြီးက သူတို့ရှေ့ကိုရောက်လာလေပြီ။

နေရောင်ကအငယ့်ကိုထိထားတဲ့ ဘုန်းဝဏ္ဏရဲ့လက်တွေကို စူးစူးရဲရဲကြည့်လို့ သူ့လက်နဲ့ပုတ်ချပစ်လိုက်တယ်။ အငယ့်ကိုလဲလက်ကနေဆွဲထူပြီး သူ့နောက်ကိုပို့ကာ ​ရှေ့ကလူနဲ့မျက်နှာချင်းဆိုင်လိုက်တယ်။ ထိုလူကတော့ ဒေါသထွက်နေတဲ့နေရောင့်ကို ပြုံးစစနဲ့ကြည့်ပြီး တစ်ရှူးကို သူ့ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ကာ ထရပ်လိုက်တယ်။

" ဟက်....ဘာတွေဖြစ်နေတာလဲ "

" ဒီမိန်းကလေးက ခင်ဗျားထိချင်တိုင်းထိလို့ရတဲ့လူမဟုတ်ဘူး။ "

" နှုတ်ခမ်းမှာပေနေလို့သုတ်ပေးရုံပါ သူတောင်ဘာမှမပြောတာ ခင်ဗျားအဲ့လောက်ကြီးအဖြစ်မသည်းပါနဲ့ ဟုတ််တယ်မလား ညီမလေး "

ထိုလူကပြုံးစစနဲ့ နေရောင့်နောက်ကအငယ့်ကိုလှမ်းချောင်းတော့ နေရောင်ကသူ့နောက်ကကလေးကို ပြန်လှည့်ကြည့်တယ်။ အငယ်ကတော့ နေရောင့်ကိုကြည့်မနေ။ ပြုံးစိစိနဲ့မထီသလိုလုပ်နေတဲ့ထိုလူကြီးကို မျက်မှောင်ကြုတ်ပြီးကြည့်နေတာ။ ဒါကိုမြင်ရတာကပဲ နေရောင့်အတွက်တော့ပိုပြီးစိတ်တိုစရာပဲ။ အငယ့်လက်ကို ခပ်တင်းတင်းဆွဲပြီး သူ့ကိုယ်နဲ့ကာလိုက်တယ်။ ထိုလူကိုတော့ မျက်မှောင်ကြုတ်ပြီး စူးစူးရဲရဲကြည့်လိုက်တယ်။

မချိုပေမယ့်...မခါးပါဘူးМесто, где живут истории. Откройте их для себя