Chapter 35

10K 412 101
                                    

~ The Hadamar Centre ~

💜 Unicode 💜

မနက်ခင်းအလင်းရောင်နုနုရဲ့ နေရောင်ခြည်နဲ့ အေးစိမ့်တဲ့လေညှင်းတွေ မျက်နှာထက်ကိုတိုးဝှေ့တိုက်ခတ်လာတော့ မိုင်အိပ်နေရာကနေ ဖြတ်ခနဲလန့်နိုးသွားတယ်။ မျက်လုံးဖွင့်လိုက်တဲ့တစ်ခဏမှာ ကြိမ်းစပ်သွားတဲ့အလင်းရောင်ကြောင့် မျက်လူံးကိုလက်နဲ့ခဏအုပ်ရင်း ပြန်စဥ်းစားလိုက်မိတယ်။

အော်.....ငါမနေ့ညက အပြင်မှာသောက်နေရင်းအိပ်ပျော်သွားတာပဲ။"

စူးရှတဲ့အလင်းရောင်ကိုကာရင်း ဘေးဘက်ကိုလှည့်ကြည့်လိုက်တယ်။ ဘီယာအခွံတစ်ခုနဲ့ သူကခုံပေါ်မှာထိုင်ရက်အတိုင်းအိပ်ပျော်သွားတာ။ အကျီလက်တိုနဲ့မို့ မနက်ခင်းအေးစိမ့်နေတဲ့ဒဏ်က အရိုးအကြောထဲထိစိမ့်လာတာ မသက်သာလှ။ ခပ်ဖြေးဖြေးချင်းကောက်ထပြီး အထဲဝင်မျက်နှာသစ်ကာ တစ်နေ့တာအတွက်ပြင်ဆင်ရတော့သည်။

လုပ်နေကျအလုပ်တွေပဲလို့ ခေါင်းထဲခဏခဏအသိပေးရင်း အရင်လိုကိုယ့်အတွက်ကိုယ်ချက်ပြုတ်နေပေမယ့် ကြက်ဥနဲ့ဝက်ပေါင်ခြောက်ကိုလဲ ဖြောင့်တန်းအောင်မကြော်နိုင်ခဲ့သလို ကော်ဖီကိုလဲလျှာဖျားထဲစွဲသွားအောင်မဖော်နိူင်တော့ပါ။ မြည်းကြည့်လက်စကော်ဖီဇွန်းကို စိတ်ပျက်လက်ပျက်နဲ့ ပြန်ချပြီးချက်ထားတာတွေအကုန် အမှိုက်ပုံးထဲသွန်ချပစ်လိုက်တယ်။

တစ်နာရီနီးပါးမနက်စာအတွက်အချိန်ယူခဲ့တာ အခုတော့လဲဘေစင်မှာ ပန်းကန်ဝင်ဆေးနေရတာပဲအဖက်တင်ပါရောလား။"

လုပ်သမျှအရာရာတိုင်းက အရင်လိုပဲဆိုပေမယ့် အကုန်တလွဲတွေချည်းပဲ။ ရက်ပိုင်းလေးပါပဲ။ ရက်ပိုင်းကလေးပဲဒီကောင်လေးက သူ့ဘဝထဲအလည်လာခဲ့တာ။ သူကိုယ်တိုင်ပဲတွန်းထုတ်ခဲ့တာပဲကို ဘာလို့များအခုမှအဆင်မပြေဖြစ်နေရတာလဲ။ အတွေးနဲ့အတူ ကားပါကင်ဆီဆင်းလာတော့ သူ့ကားဘေးမှာရပ်ထားတဲ့ ကားအဖြူရောင်လေးကို စိတ်လေးဖွယ်တွေ့လိုက်ရတယ်။

မိုင်ကခဏလောက်ရပ်ကြည့်နေပြီးမှ သူ့ကားသော့ကိုအိတ်ထဲပြန်ထည့်ပြီး သော့အဖြူလေးကိုထုတ်ကာ ထိုကားလေးထဲဝင်ထိုင်လိုက်သည်။ အဲ့ဒီညကအခြေနေတွေ ကြမ်းသွားလို့ ထိုင်ခုံတွေပါမကျန်ဆေးကြောလိုက်ရပေမယ့် အငွေ့အသက်တွေကကျန်နေတုန်းပဲ။ မိူင်ဆိုဖာကိုနောက်မှီကာ ထိုင်ချလိုက်သည်။ ပြီးတော့မျက်ဝန်းတွေမှိတ်ထားမိတယ်။ ဒီအငွေ့အသက် သူ့စွပ်နေကျ Luxury ရေမွှေးနံ့၊ သူ့ကိုမှီခိုစေချင်ခဲ့တဲ့ အဲ့ဒီပုခုံးပြင်ကျယ်ကျယ်၊ အဲ့ဒီနူးညံ့ချိုသာတဲ့ စကားသံတွေ။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now