~ Morano Gon ~
💜 Unicode 💜
ရာနိုတစ်ယောက် Clubကအလုပ်တွေပြီးတာနဲ့ သူ့လူတွေကိုတောင်မခေါ်တော့ပဲ ဝိုင်ပုလင်းတွေအရက်ပုလင်းတွေနဲ့ စားစရာအချို့ထည့်ကာ မိုင့်ကွန်ဒိုရှိရာကို ထွက်ခဲ့လိုက်တယ်။ သူ့လိုလူအတွက်က သတင်းအချက်အလက်ဆိုတာရဖို့မခဲယဉ်းတာမို့ မိုင့်လိုနာမည်ကြီးတစ်ယောက်ရဲ့ Condoနေရာကိုသိဖို့ဆိုတာ သကြားလုံးလေးဖောက်စားရသလိုပဲ အတော့်ကိုလွယ်တဲ့ကိစ္စသာ။ မိုင်နဲ့ချင်းမိုင်ကမိသားစုအပါအဝင် နေရောင်ကပါ သူ့ကိုသာမန်ကောင်လေးတစ်ယောက်လို ဆက်ဆံနေကြပေမယ့် တကယ်တမ်း သူသာမန်မဟုတ်တာ သူအသိဆုံးပဲလေ။
အခုလဲသူ့ပုံစံအတိုင်း မိုင့်တည်နေရာကိုစုံစမ်းပြီး လုံခြုံရေးတင်းကြပ်တဲ့ Condoအထဲဘက်ထိတောင်ဝင်နိုင်လို့ တံခါးရှေ့တောင်ရောက်နေပြီ။ တကယ်ဆို ဒီsystemလောက်က သူမိနစ်ပိုင်းလောက်နဲ့တင် ဖောက်လိုက်လို့ရပေမယ့် ပိုင်ရှင်ကမိုင်ဖြစ်နေလို့သာ သူစိတ်ရှည်ရှည်နဲ့ ရပ်စောင့်ပေးနေခြင်းသာ။ စောင့်နေတာနာရီဝက်လောက်ကြာတော့ တစ်ဖက်ကော်ရစ်တာက ဒေါက်ဖိနပ်သံလေးကို သူကြားလိုက်မိတယ်။ ခေါင်းငုံ့ထားရာကနေ ခပ်ရေးရေးလေးပြုံးလို့ ဘေးဘက်ကိုလှမ်းမော့ကြည့်လိုက်တယ်။
တွေ့ပါပြီ အဘွားကြီးပေါက်စလေး။ ရုပ်ကလေးလှသလောက် တကယ့်ဖရိုဖရဲနိုင်တဲ့ဘွားတော်။ သူ့ကိုဘွားတော်လို့ ခေါ်ရင်သာမကြိုက်တာ ခုလဲလာတဲ့ပုံစံက ကပိုကယိုနဲ့ ဆံပင်တွေလဲပွလိုပွ အကျီကော်လံတွေလဲ လိပ်လိုလိပ်နဲ့ လက်ကိုင်အိတ်ကိုမနိုင့်တနိုင်သယ်ပြီး ခေါင်းကြီးငိုက်လို့ သိုင်းကွက်နင်းလာတာ မသိရင်အမူးသမားအတိုင်း။
အတော်ကိုပုံပျက်ပန်းပျက်ပါပဲလားဘွားတော်"
ဟင် "
အာမေဋိတ်အသံလေးနဲ့အတူ မိုင်ကခေါင်းမော့ကြည့်တော့ သူ့ရှေ့မှာသားသားနားနား ဝတ်စားထားတဲ့ အမျိုးသားငယ်ငယ်လေးက ခန့်ခန့်ကြီးရပ်နေလေရဲ့။ ငွေဖြူရောင်ဆံပင်ကို နောက်ကိုလှန်ဖြီးထားပြီး အပေါ်ကရှပ်အကျီအဖြူလေးက ကြယ်သီးသုံးလုံးလောက်ထိဖြုတ်ပြီးဟထားတာ ညှပ်ရိုးအသွယ်နဲ့ဗိုက်ကကြွက်သားအထစ်လေး အစွန်းအထင်းမြင်နေတာ တကယ့်ကိုခပ်မိုက်မိုက် ကောင်လေးအသွင်။

YOU ARE READING
မချိုပေမယ့်...မခါးပါဘူး
Romance𝗪𝗵𝗮𝘁 𝗸𝗶𝗻𝗱 𝗼𝗳 𝘁𝗵𝗶𝗻𝗴 𝗶𝘀 𝗰𝗮𝗹𝗹𝗲𝗱 𝗹𝗼𝘃𝗲? 𝗟𝗼𝘃𝗲 𝗶𝘀 𝘀𝘄𝗲𝗲𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝗰𝘂𝗽 𝗼𝗳 𝗹𝗮𝘁𝘁𝗲 𝗯𝘂𝘁 𝗯𝗶𝘁𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝘀𝗶𝗽 𝗼𝗳 𝗮𝗺𝗲𝗿𝗶𝗰𝗮𝗻𝗼。 အချစ်ဆိုတာ လက်တေးတစ်ခွက်ထက်လဲချိုနိုင်ပြီး အမေရိကာနိုတစ်ငုံ...