Chapter 31

12.2K 413 55
                                    

~ No more, No less ~

💜 Unicode 💜

မီးထိန်ထိန်လင်းနေတဲ့ တခန်းတနားအဆောက်အဦးက မြင်နေကျပုံစံ၊ထိတွေ့နေကျဆက်ဆံရေးတွေချည်းပဲဆိုပေမယ့် ထူးထူးဆန်းဆန်းမိုင်တစ်ယောက် တုန်လှုပ်နေမိတယ်။ လူတစ်ယောက်ကို မျက်စိတစ်ဆုံးလိုက်ရှာမိနေသလို အဲ့ဒီလူသူ့ကိုတွေ့မှာလဲ ကြောက်နေမိပြန်တယ်။ အခေါက်ခေါက်အခါခါ သက်ပြင်းချပြီးနောက်မှာတော့ ဘေးကရပ်ကြည့်နေတဲ့ရာနိုက မသက်သာစွာပဲမေးရလေပြီ။

ခင်ဗျားဘာဖြစ်နေတာလဲခွန်မိုင်။ ဒီပွဲအကြောင်းကြားပြီးကတည်းက ခင်ဗျားပုံမှန်လိုမဟုတ်နေဘူးနော်။ "

ငါ.....ငါပုံမှန်ပါပဲ။ "

အတုန်တုန်အယင်ယင်နဲ့ ပြန်ပြောလာတဲ့အမျိုးသမီးရဲ့အဖြေက ရာနိုကိုမကျေနပ်စေခဲ့ပါ။ သက်ပြင်းချပြီးရှေ့စားပွဲက ရှန်ပိန်ခွက်ကိုဆွဲကာ တစ်ခွက်လုံးကောက်မော့ချလိုက်လေသည်။ ရင်ဘတ်ထဲပူလောင်နေတာက ပိုတိုးသွားသလိုပါပဲ။ အဲ့ဒီအမျိုးသမီးကို ဘုဆတ်ဆတ်အကြည့်တွေနဲ့ စိုက်ကြည့်နေမိတယ်။

(လိမ်တယ်။ ခင်ဗျားမျက်လုံးတွေက ကျနော့်ကိုလိမ်နေပြန်ပြီ။ )

သူ့ရှေ့ကသူ့အကြည့်တွေကိုရှောင်နေတဲ့ ဇွန်လာမိုင်မှာလဲ သူနဲ့မတူစွာပဲဒီကလေးကို မလုံမလဲဖြစ်နေမိတယ်။ အကြည့်တွေရှောင်ရင်း သက်ပြင်းတစ်ချက်ချကာ မျက်နှာလွှဲလိုက်တဲ့တခဏမှာ ခပ်လှမ်းလှမ်းကရင်းနှီးပြီးသားပုံရိပ်တစ်ခုက လှစ်ခနဲဖြတ်လျှောက်လာလေသည်။ တလောကလုံးတိတ်ဆိတ်သွားသလိုပါပဲ။ လောကကြီးနဲ့သူတခဏလောက် အဆက်အသွယ်ပြတ်သွားတယ်။

လွမ်းနေပေမယ့်ရင်မဆိုင်ရဲတဲ့ တစ်ယောက်ထဲသောသူက ခပ်လှမ်းလှမ်းမှာရှိနေတယ်။ သူကဒီနေရာတင်ပဲ ခြေချုပ်မိနေခဲ့ပြီ။ ရုန်းထွက်မရတဲ့အခြေအနေမှာ သူတတ်နိုင်တာက မျက်ရည်တွေကျမလာအောင် အတတ်နိုင်ဆုံးထိန်းဖို့ပဲ။ သူ့အတွေးနဲ့သူခြောက်ခြားစွာပဲ လက်တွေတဆတ်ဆတ်တုန်ရီတဲ့နောက်မှာ သူ့လက်ဆီကိုလာဆုပ်ကိုင်လိုက်တဲ့ နွေးနွေးထွေးထွေးအရာတစ်ခုကို ခံစားလိုက်မိတယ်။ သူ့လက်သူပြန်ငုံ့ကြည့်မိသလို အဲ့ဒီလူကိုလဲမျက်ရည်တွေအပြည့်နဲ့မော့ကြည့်လိုက်မိတယ်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now