~ Here I'm ~
💜 Unicode 💜
စင်ပေါ်မှာ လက်တွဲပြီးရပ်နေတဲ့ ပြိုင်ပွဲဝင်၁၁ယောက်က တစ်ယောက်လက်ကိုတစ်ယောက်ဆွဲပြီး အတုန်တုန်အယင်ယင်နဲ့ရပ်နေကြပြီ။ ဒိုင်လူကြီးကုဋေရဲ့အသံမှာ တစ်ဝင်းလုံး အပ်ကျသံတောင်မကြားပဲ တိတ်ဆိတ်လို့နေသည်။ Alexဆိုတဲ့ကောင်လေးနဲ့ အငယ့်ပါတနာ Keraကတော့ Passဖြစ်ပြီးသားသူတွေမို့ အပြုံးကိုယ်စီနဲ့ ကျန်တဲ့သူတွေကို အားပေးဖို့အသင့်ဖြစ်နေကြပြီ။
ကဲ.....ပထမနေရာကတော့........... Ms.Nadia Juliette "
Yay....yes....ဒါပဲကွ "
Nadiaက အသည်းအသန်ခုန်ပေါက်ပြီး ပျော်ရွှင်နေတုန်း အငယ်ကတော့ သက်ပြင်းလေးချကာ ခေါင်းလေးငုံ့ချပြီးပြုံးလိုက်တယ်။ Alexကကျန်တဲ့သူတွေကိုအားပေးနေတုန်း Keraက အငယ့်ကိုလာဖက်ထားတယ်။
အဆင်ပြေတယ်...အဆင်ပြေတယ်......ငါဆွဲခေါ်သွားပေးမယ်။ နင်ကအရမ်းလှပြီးအရမ်းတော်တာ။ အရံတစ်ကားလောက် ရိုက်လိုက်တာနဲ့ ချက်ချင်းနာမည်ရသွားမှာ။ ငါ့ကိုယုံ နင်ကအရမ်းတော်တာ......သိတယ်မလား။ "
အင်း.....ပြေတယ်.....နင်ရှိနေလို့အရမ်းအဆင်ပြေတယ်။"
ဟုတ်ပြီ။ တော်တယ်။ ဘာမှအားမငယ်နဲ့။
Keraက သူနဲ့မတူအောင် အရမ်းရင့်ကျက်တဲ့အသွင်ကြီးနဲ့ အငယ့်မျက်နှာလေးကိုကိုင်ပြီး အားပေးတယ်။ အငယ်က သူ့ကိုနှစ်နှစ်ခြိုက်ခြိုက်လေးပြုံးပြတယ်။ စိတ်မကောင်းတော့ဖြစ်ပေမယ့် ဒီလိုအချိန်မှာ သူ့ကိုအားပေးနေတဲ့ Keraတစ်ယောက်ရှိနေတာ တော်သေးတယ်လို့ တွေးမိတယ်။ Nadiaကတော့ လုံးဝကိုအပျော်တပိုက်နဲ့ စင်ပေါ်ခုန်ပေါက်နေပြီ။ ဒီအချိန်မှာတော့ ကုဋေနဲ့ Gumကအငယ့်မျက်နှာကို သေချာကြည့်ပြီး အကဲခတ်နေကြသလို မိုင်ကလဲ နာဒီယာကို ပြုံးစိစိနဲ့ကြည့်နေကြတယ်။ အားလုံးခုန်ပေါက်ပျော်နေရင်းက ရုတ်တရက်မိုင်က ရှေ့ကမိုက်ဆီငုံ့ချပြီး ကုဋေလက်ထဲကစာရွက်ကို လှမ်းယူလိုက်တယ်။"
မဟုတ်သေးပါဘူး ဥက္ကဋ္ဌ ရှင်မှားနေပြီလေ။ "
ဟမ် ကျုပ်ကလား။"
![](https://img.wattpad.com/cover/324198900-288-k651915.jpg)
YOU ARE READING
မချိုပေမယ့်...မခါးပါဘူး
Romance𝗪𝗵𝗮𝘁 𝗸𝗶𝗻𝗱 𝗼𝗳 𝘁𝗵𝗶𝗻𝗴 𝗶𝘀 𝗰𝗮𝗹𝗹𝗲𝗱 𝗹𝗼𝘃𝗲? 𝗟𝗼𝘃𝗲 𝗶𝘀 𝘀𝘄𝗲𝗲𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝗰𝘂𝗽 𝗼𝗳 𝗹𝗮𝘁𝘁𝗲 𝗯𝘂𝘁 𝗯𝗶𝘁𝘁𝗲𝗿 𝘁𝗵𝗮𝗻 𝗮 𝘀𝗶𝗽 𝗼𝗳 𝗮𝗺𝗲𝗿𝗶𝗰𝗮𝗻𝗼。 အချစ်ဆိုတာ လက်တေးတစ်ခွက်ထက်လဲချိုနိုင်ပြီး အမေရိကာနိုတစ်ငုံ...