Chapter 9

9.4K 419 61
                                    

~ Sweet Chocolate ~

💜 Unicode 💜

ကဲပြော ဒါကဘယ်သူလဲ"

ဧည့်ခန်းမှာသောင်တင်နေတဲ့ လရိပ်နဲ့နေရောင်ကဆိုဖာပေါ် ငြိမ်ငြိမ်လေးထိုင်လို့ မေတို့အုပ်စုနဲ့စစ်မေးခံနေရလေပြီ။ လရိပ်တစ်ယောက် အာဏာစက်လွှမ်းလွန်းတဲ့ မေ့အကြည့်တွေကို မရဲတရဲရှောင်ရင်း နေရောင့်ကိုပြန်ကြည့်တယ်။ နေရောင်ကတော့ သူတို့စကားဝိုင်းကိုအာရုံရနေတဲ့ပုံမပေါ် ​အပေါ်ထပ်ကိုသာလှည့်ကြည့်လှည့်ကြည့်နဲ့ ​ရှေ့ကတစ်အုပ်ကိုမျက်နှာလွှဲခဲပစ်နေလေပြီ။

Mark....."

ဟဲ့ ငနေ.....!"

ဟင်....ဘာလဲ....ပြောလေ"

မေးနေတာမဖြေပဲ ငါ့ကိုဘာပြန်ပြောခိုင်းနေတာလဲ"

အော....ဟို....ဘာမေးတာလဲ

ဟမ်း...."

မေတစ်ယောက် နေရောင့်ကိုမျက်စောင်းထိုးလို့ သူ့လင်တော်မောင်ကို စိတ်ပျက်လက်ပျက်ပဲ ပြန်မော့ကြည့်ရင်းခေါင်းခါပြလေသည်။

မနိုင်ဘူး။ ဒင်းကိုနိုင်ကိုမနိုင်ဘူး။"

မိန်းမထိုင်..မိန်းမထိုင်....မောင်ရှင်းပေးမယ်။"

ဇေကမေ့ပုခုံးလေးကိုကိုင်ပြီး ဆိုဖာပေါ်ပေးထိုင်စေတယ်။ ထိုနောက်မှ ဇေကခါးကိုထောက်လို့ နေရောင့်ကိုကြည့်လိုက်တယ်။

ခွန်နေ"

အင်း"

ဒါကဘယ်သူလဲ"

လရိပ်ချို.....အဲ့....ဆွယ် .....လရိပ်ဆွယ်"

နာမည်တောင်ကမောက်ကမနဲ့ဆိုတော့ မတွေ့တာကြာပြီလား မခင်ကြတာလား။"

ကျမက Markရဲ့...."

သိပ်မခင်ကြတာပါ။"

သူ့စကားကိုဖြတ်ပြီး​ ဖြေလာတဲ့နေရောင့်အဖြေမှာ လရိပ်ကသူ့ကိုလှည်ကြည့်တယ်။ နေရောင်ကသူ့ကိုတစ်ချက်ငဲ့စောင်းကြည့်ပြီး မေ့ကိုပြန်လှည့်ကြည့်လိုက်တယ်။

ငယ်သွေး ခွန်ဇေ ဒီတစ်ယောက်ကModelပါ အလုပ်မှာ ကျနော်နဲ့တစ်ခါနှစ်ခါလောက် စကားပြောဖူးတယ်။ အခုလဲ သူနဲ့လေယာဥ်ပေါ်မှာ မတော်တဆဆုံဖြစ်တာ။ သူကHotelမှာတည်းရင် ဓာတ်ပုံရိုက်ခံရမှာဆိုးလို့တဲ့ အကူအညီတောင်းလို့ခေါ်ခဲ့ပေးတာ။ ကဲရပြီလား။ ငါအပေါ်တက်တော့မယ် ကြည့်ရှင်းလိုက်တော့။ "

မချိုပေမယ့်...မခါးပါဘူးOpowieści tętniące życiem. Odkryj je teraz