Chapter 17

7.9K 425 138
                                    

~ Again ~

💜 Unicode 💜

ကုဋေက အငယ့်ကိုလက်ဆွဲကာ သူ့အခန်းထဲခေါ်သွားလိုက်တယ်။ အခန်းထဲရောက်တော့ တစ်ကိုယ်လုံးစိုရွှဲနေတဲ့ ကလေးမကိုကြည့်ပြီး အံကိုကြိတ်လို့ သက်ပြင်းချကာ တစ်ဖက်ကချိတ်ထားတဲ့ သဘက်တစ်ထည်ကို ကမ်းပေးလိုက်တယ်။

ရေသွားချိုးလိုက်။"

ဟို....ကျမအောက်မှာပဲ......."

ကျုပ်ကပြောနေရင် နားထောင်လိုက်စမ်း ချာတိတ်။ မင်းကကျုပ်ကိုကျ တစ်ခွန်းမကျန်ပြန်ပြောတတ်ပြီးတော့ အဲ့ဒီမိန်းကလေးတွေနဲ့ကျ စကားမပြောတတ်တော့ဘူးလား ဟမ်။"

ခင်ဗျားလဲ.....သိထားလား။"

ဟမ်"

Markနဲ့အငယ့်သတင်းတွေကို ခင်ဗျားလဲသိတယ်မလား။ "

မျက်ရည်စက်လက်နဲ့ ကလေးမရဲ့အမေးမှာ ကုဋေဆွံ့အသွားတယ်။ သူကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်ပြီး အသိပေးသင့်တဲ့အခြေအနေကို လုံးဝအသိမပေးခဲ့တာလဲ သူ့အပြစ်ပဲလေ။ သူ့မျက်ရည်တွေမမြင်ချင်လို့ ကုဋေချက်ချင်းပဲ ကျောခိုင်းပစ်လိုက်တယ်။

ရေ....သွားချိုးလိုက်တော့။....အအေးမိမယ်။"

သူပြောလိုက်တော့ ထိုကလေးကလှုပ်စိစိနဲ့ရှိူက်ကာ ရေချိုးခန်းထဲဝင်သွားလေသည်။ ရေချိုးခန်းထဲရောက်တော့ အငယ်ကရေပန်းကိုဖွင့်ချပြီး အေးစိမ့်နေတဲ့ရေတွေကြားမှာ နံရံကိုမှီပြီး ထိုင်ချလိုက်မိတယ်။ ဒီလောက်အေးစိမ့်နေတဲ့ ပတ်ဝန်းကျင်ကတောင် သူ့အပူကိုမငြိမ်းနိုင်တော့ဘူး။ ရေပန်းတွေကြားက ကျလာတဲ့ရေတွေနဲ့ မျက်ရည်တွေကိုရောပြီး ငိုချပစ်လိုက်တယ်။

အဝငိုပြီးနောက်မှ မတ်တပ်ထရပ်ကာကြည့်လိုက်တော့ ဘေးပတ်ပတ်လည်က ဆပ်ပြာဘူးတွေ မျက်နှာသစ်ဆပ်ပြာတွေနဲ့ မုတ်ဆိတ်ရိတ်တဲ့စက်ကိုပါ အစစ်တွေ့လိုက်ရပါသည်။ သို့ပေမယ့် အကုန်လုံးကယောကျ်ားလေးအသုံးအဆောင်ချည်းသာ။ အငယ့်ခမျာလဲ ရောက်လဲရောက်လက်စဖြစ်နေပြီမို့ ယောကျ်ားလေးသုံးတွေနဲ့သာ အကုန်လုံးသုံးချပစ်လိုက်ပါတော့သည်။ ရေချိုးပြီး Bathrobe လေးဝတ်ပြီး မျက်လုံးတွေနီနေမလားလို့ မှန်ကိုကြည့်နေချိန်မှာတော့ အပြင်ကလူကြီးကတံခါးခေါက်လာတယ်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now